မတရားတာကို မတရားဘူးဟု ပြောဆိုရန် တာဝန်ရှိသကဲ့သို့ အဲဒီမတရားမှုများ ထပ်မံ မဖြစ်ပွား၊ (ကြိုတင်ကြံစည်) မပြုလုပ်ခင် ပြောဆိုတားဆီး တိုက်ဖျက်ရန်လည်း တာဝန်ရှိပါတယ်

အန်တီစုရဲ့ Diary လေးပါ ခံစားပေးမှု အပိုင်း (၄) . . .

September 14, 2010

၁၉၈၇ ခုနှစ်

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ
ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်
မိုက်က စာတမ်းတွေ
ပြုစုနေခဲ့တယ်.
အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.
မေမေ့ကို ဆေးရုံတင်ထားတာကို
သွားပြီး စောင့်ရှောက်ဖို့ပေါ့.
စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး
အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.
ငါ့ရဲ့ Advanced Degree အတွက်
London School
of Oriental and African Studies
မှာ
စာရင်းပေးခဲ့တယ်

၁၉၈၈ ခုနှစ် မတ် ၃၁

တယ်လီဖုန်းသံမြည်လာခဲ့တယ်.
ခါတိုင်းလိုပဲ
ကောက်ကိုင်လိုက်ခဲ့တယ်
ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို
မဟုတ်ခဲ့ဘူး
မေမေလေဖြတ်သွားတယ်တဲ့
နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို
ငါထွက်ခွာခဲ့တယ်
ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို
အပြေးသွားခဲ့တယ်.
မေမေရယ်
မှတ်တောင် မမှတ်မိတော့ဘူး
မေမေခံစားနေရတဲ့
ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..
ကုတင်ပေါ်မှာ
လဲလျောင်းနေတဲ့ မေမေ
ငါ့ကို
ကြိုးစားပြုံးပြနေတဲ့မေမေ
တော်တော်ကိုပြောင်းလဲသွားခဲ့တာပဲနော်


ရန်ကုန်မြို့ကြီးမှာ
နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.
အမြင်မတော်စရာတွေ၊
စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်
ရက် ၁၉၈၈ မှာ တစ်နိုင်ငံလုံး
အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.
စစ်အာဏာရှင်ရဲ့
သေနတ်သံများကြားမှာ
ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.
သေနတ်ဆိုတာ
မိုးပေါ်ထောင်မပစ်ဘူးတဲ့
တစ်နိုင်ငံလုံးကို
သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်
ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ
အဖသခင်ကိုယ်တော်မှိုင်းရယ်

စက်တင်ဘာ ၁၈ ရက်
စစ်တပ်က
အာဏာသိမ်းလိုက်ပြီတဲ့
ငါဘာလုပ်ရမလဲ
ဒီအချိန်မှာ ဒါတွေကို
ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား
ဒါဆိုရင်တော့
ငါ့မိသားစုနဲ့အတူတူ
အသိုက်အမြုံမပျက်
ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်.
ဒါပေမယ့်
သေချာတယ်
ငါလိပ်ပြာမလုံဘူး

ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ
စီးဆင်းနေတယ်.
သူတို့ကို
ငါရှက်တယ်.
ငါမပြန်ဘူး
ငါဒီမှာနေမယ်
ငါ့တိုင်းပြည် ငါ့လူမျိုးအတွက်
ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ
သူတို့ ငါ့ကိုလိုအပ်နေပြီလို့
ငါခံစားရတယ်.
ဟုတ်တယ်
ငိုကြွေးနေတဲ့ ပြည်သူတွေကို
ငါမျက်ကွယ်မပြုနိုင်ဘူး
ငါဒီမှာနေမယ်
ငါမပြန်တော့ဘူး
ငါချစ်တဲ့
ငါ့ ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊
ငါချစ်တဲ့
ငါ့ဖေဖေအတွက်
ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို
ဆန့်ကျင်ဖယ်ရှားမယ်.
လူတိုင်းကိုယ့်အခွင့်အရေးကို
ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်အောင် ငါကြိုးစားမယ်
ဟုတ်တယ်
ဒါငါပဲ.

NLD
ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.
အထွေထွေအတွင်းရေးမှူးအနေနဲ့
ငါပါဝင်လှုပ်ရှားတယ်
ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ
ယုံကြည်ခဲ့တယ်လေ
ဒါကို ငါအသုံးချခဲ့တယ်
စစ်ဘီလူးရဲ့ မျက်နှာဖုံးကို
အကြမ်းမဖက် အနုနည်းနဲ့
ခွာချပြနိုင်ခဲ့တယ်.
ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့တဲ့
သေနတ်ပြောင်းတွေနဲ့
ချိန်ထားလိုက်ကြတာ
တည်ငြိမ်စွာနဲ့ သူတို့ဆီကို
ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်

င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့
ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို
သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ.
သူတို့ကြားထဲက
ဖြတ်လျှောက်သွားတဲ့
ငါ့ကို
လူထုကြီးက   "ဟေးးးးးးးးးးးးးးးးးးးးးးး"
ဆိုပြီး
တခဲနက်အားပေးလိုက်ကြတာ
ငါ့မှာ
ကြက်သီးတွေတောင်ထလို့

0 comments: