၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်
မေမေဒေါ်ခင်ကြည်
အနိစ္စရောက်ခဲ့ပြီ..
ကောင်းရာသုဂတိလားပါစေ မေမေရယ်..
မေမေ့အသက် ၇၆ နှစ်ထိ
အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
ကောင်းကင်ဘုံက
လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.
၁၉၈၉ ခုနှစ်၊
ဇန်န၀ါရီ ၂ ရက်
မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ
မနည်းဘူးမေမေရယ်.
မေမေ့ကို မြင်စေ့ချင်လိုက်တာ.
မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ
မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
ဖေဖေနဲ့မေမေတို့ဟာ
မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ
ကောင်းကျိုးသယ်ပိုး
ဆောင်ရွက်ခဲ့ကြတယ်.
ဒီတာဝန်ကို ကျေပြွန်အောင်
သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
သမီးသေသည်ထိပေါ့…
ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့
အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
ရွေးကောက်ပွဲကို ခြွင်းချက်မရှိ
အနိုင်ရခဲ့တယ်.
အရှက်မရှိလိုက်ကြတာလေ.
ငါတို့လွှတ်တော်အမတ်တွေကို
လိုက်ဖမ်းတယ်
ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့
ဗြောင်ငြင်းတယ်.
ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်
အဲဒီကတည်းကပဲ
ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့
နိုင်ငံရေးကစားကွက်တွေ
လှည့်ကစားခဲ့တယ်..
ငါ့အပေါ်ရက်စက်လိုက်ကြတာ.
ကိုယ်ချင်းမစာလိုက်ကြတာ
ပြောရက်လိုက်ကြတာ
သတင်းစာ၊
ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို
ဖျက်ဆီးလိုက်ကြတာ
နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့
လူမျိုးခြားနဲ့
အိမ်ထောင်ပြုသူတဲ့
ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး
ငါလုပ်စရာရှိတာတွေကိုပဲ
အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်
ဒီလိုအချိန်တွေမှာ
ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..
ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို
ရှားရှားပါးပါးတောင်းဆိုထားရတဲ့
ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့်
ငါကြားသိခဲ့ရတယ်.
ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား
ကျေးဇူးတင်စကားပြောသတဲ့လေ..
မေမေဂုဏ်ယူပါတယ် သားကြီးရယ်…
မေမေ့အတွက်ရတဲ့
ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး
မြန်မာပြည်က
ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ
ခုချိန်ထိပဲလေ.
မေမေက
ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ
သားတို့ကို ပစ်ထားချင်လို့
ပစ်ထားတာမဟုတ်ရပါဘူး
သားတို့ကို သိပ်ချစ်တာပေါ့
သားတို့နဲ့
အတူတူသိပ်နေချင်တာပေါ့
ဒါပေမယ့်သားတို့ရယ်
သားတို့ကိုချစ်တဲ့အချစ်တွေထက်
နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို
မေမေပိုချစ်မိတယ်.
ဒါကို
သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်…
သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို
နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်
အတိုးချပြီး ပြန်ပေးဆပ်ပါမယ်
သားတို့ရယ်…
မေမေဒေါ်ခင်ကြည်
အနိစ္စရောက်ခဲ့ပြီ..
ကောင်းရာသုဂတိလားပါစေ မေမေရယ်..
မေမေ့အသက် ၇၆ နှစ်ထိ
အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
ကောင်းကင်ဘုံက
လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.
၁၉၈၉ ခုနှစ်၊
ဇန်န၀ါရီ ၂ ရက်
မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ
မနည်းဘူးမေမေရယ်.
မေမေ့ကို မြင်စေ့ချင်လိုက်တာ.
မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ
မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
ဖေဖေနဲ့မေမေတို့ဟာ
မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ
ကောင်းကျိုးသယ်ပိုး
ဆောင်ရွက်ခဲ့ကြတယ်.
ဒီတာဝန်ကို ကျေပြွန်အောင်
သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
သမီးသေသည်ထိပေါ့…
ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့
အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
ရွေးကောက်ပွဲကို ခြွင်းချက်မရှိ
အနိုင်ရခဲ့တယ်.
အရှက်မရှိလိုက်ကြတာလေ.
ငါတို့လွှတ်တော်အမတ်တွေကို
လိုက်ဖမ်းတယ်
ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့
ဗြောင်ငြင်းတယ်.
ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်
အဲဒီကတည်းကပဲ
ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့
နိုင်ငံရေးကစားကွက်တွေ
လှည့်ကစားခဲ့တယ်..
ငါ့အပေါ်ရက်စက်လိုက်ကြတာ.
ကိုယ်ချင်းမစာလိုက်ကြတာ
ပြောရက်လိုက်ကြတာ
သတင်းစာ၊
ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို
ဖျက်ဆီးလိုက်ကြတာ
နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့
လူမျိုးခြားနဲ့
အိမ်ထောင်ပြုသူတဲ့
ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး
ငါလုပ်စရာရှိတာတွေကိုပဲ
အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်
ဒီလိုအချိန်တွေမှာ
ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..
ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို
ရှားရှားပါးပါးတောင်းဆိုထားရတဲ့
ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့်
ငါကြားသိခဲ့ရတယ်.
ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား
ကျေးဇူးတင်စကားပြောသတဲ့လေ..
မေမေဂုဏ်ယူပါတယ် သားကြီးရယ်…
မေမေ့အတွက်ရတဲ့
ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး
မြန်မာပြည်က
ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ
ခုချိန်ထိပဲလေ.
မေမေက
ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ
သားတို့ကို ပစ်ထားချင်လို့
ပစ်ထားတာမဟုတ်ရပါဘူး
သားတို့ကို သိပ်ချစ်တာပေါ့
သားတို့နဲ့
အတူတူသိပ်နေချင်တာပေါ့
ဒါပေမယ့်သားတို့ရယ်
သားတို့ကိုချစ်တဲ့အချစ်တွေထက်
နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို
မေမေပိုချစ်မိတယ်.
ဒါကို
သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်…
သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို
နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်
အတိုးချပြီး ပြန်ပေးဆပ်ပါမယ်
သားတို့ရယ်…
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment