၁၉၆၉ ခုနှစ်
နယူးယောက်မြို့ကို
ငါထွက်လာခဲ့တယ်.
ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
မသန်းအိတို့အိမ်မှာ
ငါနေခဲ့တယ်.
သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
အဲဒီ့အချိန်တုန်းက ဦးသန့်က
အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
ငါ့နိုင်ငံသားတွေအတွက်
ဂုဏ်ယူလိုက်ရတာ
မသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့
လျှောက်လွှာတင်ခဲ့တယ်
ငါအလုပ်ရခဲ့တယ်.
Administrative and Budgetary Questions
မှာ Assistant Secretary အဖြစ်နဲ့ပေါ့.
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့
အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ
မဟုတ်ဘူးလေ.
ညနေရုံးဆင်းချိန်တွေနဲ့
စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ
Volunteer
ဝင်လုပ်ခဲ့တယ်
ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့
အဖော်အဖြစ် နေပေးဖို့ပေါ့
ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီလူနာတွေအတွက်
ရအောင်အချိန်ပေးခဲ့တယ်.
ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ
ငါတွေ့ရှိခဲ့တယ်.
နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
ဒါပေမယ့်
ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..
၁၉၇၂ ခုနှစ်
မိုက်နဲ့
ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.
သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
မိုက်က
ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
ငါကတော့
တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ
Research Officer
အဖြစ်ဝင်လုပ်ခဲ့တယ်.
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ
ငါချစ်တဲ့
ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့
အများအကျိုးပြုလုပ်ငန်းတွေကို
လုပ်ဆောင်ခွင့်ရခဲ့တယ်.
အဲဒီ အချိန်တွေကို
ငါအမြဲတမ်းသတိရနေမှာပါ…
မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement
တစ်ခုတောင်းခဲ့တယ်.
ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး
သွားရောက်ကူညီခွင့်ပြုပါလို့..
သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့
ခေါင်းညိတ်ပြခဲ့တယ်လေ.
ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့
ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ
ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ
မဟုတ်ဘူးလား
မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
မေမေကတော့
ထုံးစံအတိုင်းပဲပေါ့
I trust you… တဲ့
တကယ်တော့ ဒီနေ့အချိန်အထိ
ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့
ငါ့ရဲ့ အဖျက်အင်အားစုတွေကို
ကြံ့ကြံ့ခံနေနိုင်သေးတာ
ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့
သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…
ငါဘယ်တော့မှ ဦးကျိုးသွားမှာ
မဟုတ်ဘူး…
၁၉၇၃ ခုနှစ်
အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
ငါ့ဘ၀မှာ
ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
အဲလက်စ်ကို
ငါမွေးခဲ့တယ်.
ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..
အဲဒီနေ့က မေမေနဲ့
ငါစကားအကြာကြီးပြောဖြစ်တယ်.
မေမေရယ်လေ.
ငါ့ကို စကားတွေ တတွတ်တွတ်နဲ့
မှာနေလိုက်တာ မပြီးတော့ဘူး
မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
ငါ့မှာ
ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ…
၁၉၇၄
ခုနှစ်
မိုက်ကယ်အလုပ်ရတယ်.
အောက်စဖို့တက္ကသိုလ်ရဲ့
တိဗက်ဘာသာစကားဌာနမှာပေါ့
၁၉၇၇ ခုနှစ်
ကင်မ်ကို မွေးတယ်. ငါ့ရဲ့
ဒုတိယသားလေးပေါ့
ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို
လုံးလုံးဖြစ်နေပြီလေ
ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့
ငါမလျှော့သေးဘူး
ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့
ငါစာတွေရေးဖြစ်ခဲ့တယ်
ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies
စာတမ်းတစ်ချို့ပေါ့
မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့
ပတ်သက်ပြီး ငါကူညီခဲ့တယ်.
၁၉၈၅ ခုနှစ်
ကျိုတိုတက္ကသိုလ်မှာ Visiting
Scholar အနေနဲ့ ဖေဖေ့ရဲ့
ဂျပန်ပြည်မှာ
လုပ်ဆောင်ချက်တွေကို စာတမ်းပြုစုခဲ့တယ်.
ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
ငါချစ်တဲ့
ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.
၁၉၈၆
ခုနှစ်
ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.
အဖွားဖြစ်သူနဲ့
တွေ့ပေးရအောင်ပေါ့
ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို
သာသနာ့ဘောင်တက်စေခဲ့တယ်
ကြည်နူးလိုက်တာ.
ရေစက်ချနေတဲ့ ငါ့လက်တွေ
တုန်နေခဲ့တယ်.
မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
ငါ ရဟန်းဒါယိကာမ
ဖြစ်ခဲ့ပြီလေ..
နယူးယောက်မြို့ကို
ငါထွက်လာခဲ့တယ်.
ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
မသန်းအိတို့အိမ်မှာ
ငါနေခဲ့တယ်.
သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
အဲဒီ့အချိန်တုန်းက ဦးသန့်က
အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
ငါ့နိုင်ငံသားတွေအတွက်
ဂုဏ်ယူလိုက်ရတာ
မသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့
လျှောက်လွှာတင်ခဲ့တယ်
ငါအလုပ်ရခဲ့တယ်.
Administrative and Budgetary Questions
မှာ Assistant Secretary အဖြစ်နဲ့ပေါ့.
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့
အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ
မဟုတ်ဘူးလေ.
ညနေရုံးဆင်းချိန်တွေနဲ့
စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ
Volunteer
ဝင်လုပ်ခဲ့တယ်
ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့
အဖော်အဖြစ် နေပေးဖို့ပေါ့
ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီလူနာတွေအတွက်
ရအောင်အချိန်ပေးခဲ့တယ်.
ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ
ငါတွေ့ရှိခဲ့တယ်.
နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
ဒါပေမယ့်
ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..
၁၉၇၂ ခုနှစ်
မိုက်နဲ့
ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.
သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
မိုက်က
ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
ငါကတော့
တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ
Research Officer
အဖြစ်ဝင်လုပ်ခဲ့တယ်.
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ
ငါချစ်တဲ့
ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့
အများအကျိုးပြုလုပ်ငန်းတွေကို
လုပ်ဆောင်ခွင့်ရခဲ့တယ်.
အဲဒီ အချိန်တွေကို
ငါအမြဲတမ်းသတိရနေမှာပါ…
မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement
တစ်ခုတောင်းခဲ့တယ်.
ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး
သွားရောက်ကူညီခွင့်ပြုပါလို့..
သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့
ခေါင်းညိတ်ပြခဲ့တယ်လေ.
ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့
ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ
ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ
မဟုတ်ဘူးလား
မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
မေမေကတော့
ထုံးစံအတိုင်းပဲပေါ့
I trust you… တဲ့
တကယ်တော့ ဒီနေ့အချိန်အထိ
ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့
ငါ့ရဲ့ အဖျက်အင်အားစုတွေကို
ကြံ့ကြံ့ခံနေနိုင်သေးတာ
ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့
သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…
ငါဘယ်တော့မှ ဦးကျိုးသွားမှာ
မဟုတ်ဘူး…
၁၉၇၃ ခုနှစ်
အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
ငါ့ဘ၀မှာ
ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
အဲလက်စ်ကို
ငါမွေးခဲ့တယ်.
ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..
အဲဒီနေ့က မေမေနဲ့
ငါစကားအကြာကြီးပြောဖြစ်တယ်.
မေမေရယ်လေ.
ငါ့ကို စကားတွေ တတွတ်တွတ်နဲ့
မှာနေလိုက်တာ မပြီးတော့ဘူး
မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
ငါ့မှာ
ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ…
၁၉၇၄
ခုနှစ်
မိုက်ကယ်အလုပ်ရတယ်.
အောက်စဖို့တက္ကသိုလ်ရဲ့
တိဗက်ဘာသာစကားဌာနမှာပေါ့
၁၉၇၇ ခုနှစ်
ကင်မ်ကို မွေးတယ်. ငါ့ရဲ့
ဒုတိယသားလေးပေါ့
ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို
လုံးလုံးဖြစ်နေပြီလေ
ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့
ငါမလျှော့သေးဘူး
ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့
ငါစာတွေရေးဖြစ်ခဲ့တယ်
ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies
စာတမ်းတစ်ချို့ပေါ့
မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့
ပတ်သက်ပြီး ငါကူညီခဲ့တယ်.
၁၉၈၅ ခုနှစ်
ကျိုတိုတက္ကသိုလ်မှာ Visiting
Scholar အနေနဲ့ ဖေဖေ့ရဲ့
ဂျပန်ပြည်မှာ
လုပ်ဆောင်ချက်တွေကို စာတမ်းပြုစုခဲ့တယ်.
ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
ငါချစ်တဲ့
ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.
၁၉၈၆
ခုနှစ်
ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.
အဖွားဖြစ်သူနဲ့
တွေ့ပေးရအောင်ပေါ့
ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို
သာသနာ့ဘောင်တက်စေခဲ့တယ်
ကြည်နူးလိုက်တာ.
ရေစက်ချနေတဲ့ ငါ့လက်တွေ
တုန်နေခဲ့တယ်.
မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
ငါ ရဟန်းဒါယိကာမ
ဖြစ်ခဲ့ပြီလေ..
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment