၂၀၀၃ ခုနှစ် မေလ ၃၀ရက်
ရက်စက်လိုက်ကြတာကွယ်
ရက်စက်လိုက်ကြတာ
မြင်ရကြားရတာ
ယုံနိုင်စရာတောင်မရှိဘူး
သတ်ဟေ့သတ်ဟ
ချဟေ့ချဟ
ဆိုတဲ့ စစ်ဘီလူးရဲ့
ကြိုးဆွဲရုပ်တွေအောက်မှာ
တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ
လွင့်ကြွေခဲ့ရရှာပြီ…
အဲဒီညက ကောင်းကင်ပြာကြီးမှာတောင်
သွေးရောင်တွေလွှမ်းနေခဲ့တယ်.
ရင်ထဲမှာ ဆို့နစ်လိုက်တာ
ချစ်သားချစ်သမီးတို့ရယ်..
သားတို့သမီးတို့
ကောင်းရာသုဂတိလားနိုင်ကြပါစေ
ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ
မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့
မေမေစု ဆုတောင်းပေးပါတယ်ကွယ်…
ဒီပဲယင်းရဲ့
အကျည်းတန်ညတစ်ခုပေါ့…
အချိန်တွေလည်း
အတော်ကြာခဲ့ပြီလေ.
ပြည်သူလူထုပေါင်းများစွာလည်း
အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီ
ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့
စောင့်မျှော်နေသူတွေလည်း
နွမ်းလျလှပါပြီ
မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး
တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ
အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး
လိုက်ရှာနေတုန်းပဲ
နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ
ကျရောက်ခဲ့ပြီ
ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့
နေရာယူခဲ့ပြီ
ငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီ
ငါ့သားတွေလည်း
အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ
ငါ့မှာတော့…
ငါချစ်တဲ့
မြန်မာပြည်သူတွေကတော့…
ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…
သံတိုင်တွေနောက်မှာ
ငိုရှိုက်နေဆဲပဲလေ….
ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့
ငါထလိုက်တယ်
အပြင်မှာ နေခြည်တွေဖြာနေပြီနော်
ရေဒီယိုထဲက ဆုတောင်းသံတွေ
တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ..
ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ..
ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
တဲ့..
ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို
သိမ်းဆည်းလိုက်ပြီး
အခန်းပြတင်းကိုဖွင့်လိုက်တယ်.
ငါ့ကိုစောင့်ကြည့်နေရတဲ့
ရဲဘော်လေးတစ်ယောက်က ငါ့ကို
အလန့်တကြားမော့ကြည့်တယ်.
မကြောက်ပါနဲ့သားရယ်
ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ
ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့
ငါ့ကို
ဦးညွှတ်တယ်.
သားစာဆက်ကျက်ပါကွယ်..
စိတ်ကိုအေးအေးသာထားပါ.
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့်
မိန်းမစားမဟုတ်ပါဘူး
တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း
အများအကျိုးအတွက်
အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့
အာဇာနည်မိန်းမပါ.
ဒီသစ္စာစကားမှန်ရင်
ငါချစ်တဲ့
မြန်မာနိုင်ငံတော်ကြီး
အမှောင်ကိုဖျောက်လို့
အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား…
ငါရှင်သန်နေဦးမှာပါ.
မသေမချင်းပေါ့…
နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို
အသာတကြည်ခံယူပြီး
ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.
အရှင်ဘုရားရဲ့
မေတ္တာကရုဏာတော်အောက်မှာ
ဘုရားတပည့်တော်မ
ငြိမ်းချမ်းရပါစေသား…
မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…
ငိုရှိုက်သံများ
ကွယ်ပျောက်ပါစေသား…
မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…
ကွယ်လွန်သူ
ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..
ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား
ရဟန်းရှင်လူများ…
အမျှအမျှအမျှ…..
သာဓု..သာဓု..သာဓု……
ရက်စက်လိုက်ကြတာကွယ်
ရက်စက်လိုက်ကြတာ
မြင်ရကြားရတာ
ယုံနိုင်စရာတောင်မရှိဘူး
သတ်ဟေ့သတ်ဟ
ချဟေ့ချဟ
ဆိုတဲ့ စစ်ဘီလူးရဲ့
ကြိုးဆွဲရုပ်တွေအောက်မှာ
တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ
လွင့်ကြွေခဲ့ရရှာပြီ…
အဲဒီညက ကောင်းကင်ပြာကြီးမှာတောင်
သွေးရောင်တွေလွှမ်းနေခဲ့တယ်.
ရင်ထဲမှာ ဆို့နစ်လိုက်တာ
ချစ်သားချစ်သမီးတို့ရယ်..
သားတို့သမီးတို့
ကောင်းရာသုဂတိလားနိုင်ကြပါစေ
ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ
မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့
မေမေစု ဆုတောင်းပေးပါတယ်ကွယ်…
ဒီပဲယင်းရဲ့
အကျည်းတန်ညတစ်ခုပေါ့…
အချိန်တွေလည်း
အတော်ကြာခဲ့ပြီလေ.
ပြည်သူလူထုပေါင်းများစွာလည်း
အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီ
ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့
စောင့်မျှော်နေသူတွေလည်း
နွမ်းလျလှပါပြီ
မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး
တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ
အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး
လိုက်ရှာနေတုန်းပဲ
နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ
ကျရောက်ခဲ့ပြီ
ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့
နေရာယူခဲ့ပြီ
ငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီ
ငါ့သားတွေလည်း
အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ
ငါ့မှာတော့…
ငါချစ်တဲ့
မြန်မာပြည်သူတွေကတော့…
ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…
သံတိုင်တွေနောက်မှာ
ငိုရှိုက်နေဆဲပဲလေ….
ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့
ငါထလိုက်တယ်
အပြင်မှာ နေခြည်တွေဖြာနေပြီနော်
ရေဒီယိုထဲက ဆုတောင်းသံတွေ
တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ..
ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ..
ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
တဲ့..
ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို
သိမ်းဆည်းလိုက်ပြီး
အခန်းပြတင်းကိုဖွင့်လိုက်တယ်.
ငါ့ကိုစောင့်ကြည့်နေရတဲ့
ရဲဘော်လေးတစ်ယောက်က ငါ့ကို
အလန့်တကြားမော့ကြည့်တယ်.
မကြောက်ပါနဲ့သားရယ်
ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ
ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့
ငါ့ကို
ဦးညွှတ်တယ်.
သားစာဆက်ကျက်ပါကွယ်..
စိတ်ကိုအေးအေးသာထားပါ.
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့်
မိန်းမစားမဟုတ်ပါဘူး
တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း
အများအကျိုးအတွက်
အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့
အာဇာနည်မိန်းမပါ.
ဒီသစ္စာစကားမှန်ရင်
ငါချစ်တဲ့
မြန်မာနိုင်ငံတော်ကြီး
အမှောင်ကိုဖျောက်လို့
အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား…
ငါရှင်သန်နေဦးမှာပါ.
မသေမချင်းပေါ့…
နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို
အသာတကြည်ခံယူပြီး
ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.
အရှင်ဘုရားရဲ့
မေတ္တာကရုဏာတော်အောက်မှာ
ဘုရားတပည့်တော်မ
ငြိမ်းချမ်းရပါစေသား…
မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…
ငိုရှိုက်သံများ
ကွယ်ပျောက်ပါစေသား…
မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…
ကွယ်လွန်သူ
ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..
ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား
ရဟန်းရှင်လူများ…
အမျှအမျှအမျှ…..
သာဓု..သာဓု..သာဓု……
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment