ယနေ့ ကမ္ဘာလုံးဆန်လာတဲ့ခေတ်တွင် အမျိုးသမီးအခွင့်အရေးဆိုတာ ပိုမိုအမြင်ကျယ် တောင်းဆိုလာပါတယ်။ တောင်းဆိုးမှုကို ငြင်းပယ်လို့မရတာကလည်း ယနေ့ကမ္ဘာ့ပေါ်မှာရှိတဲ့ အမျိုးသမီးထုရဲ့ ဆင်းရဲကြပ်တည်း ဖိနှိပ်ခံနေရမှုတွေက သက်သေပြနေပါတယ်။
ရှေးရိုးစွဲ ဘာသာရေးအယူအဆနဲ့ ကိုယ့်ကိုကိုယ် အထင်းကြီးတဲ့စိတ် (ဖိုဝါဒီ)တွေကြောင့် ခွဲခြားဆက်ဆံမှုတွေကို အမျိုးသမီးတွေ ဆက် လက်ခံနေရတုန်းပါပဲ။ ဒီလိုဖြစ်တာ အမျိုးသားတွေကြောင့်ပဲလို့ မဆိုနိုင်ပေမယ့် ချွမ်းချက်ဆိုတဲ့ ရှေးရိုးအစဉ်အလာ ခေတ်စနစ် ပတ်ဝန်း ကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်လည်း ဖိနှိပ်ခွဲခြားမှုတွေက ကြောက်စရာ ကောင်းလောက်အောင် မြင့်တက်နေဆဲပါ။ လူအခွင့်အရေးမှာ ယောကျာ်းနဲ့ မိန်းမ မခွဲခြားပါဘူး။ အတူတူပဲ ပေးထားပေမယ့် လိုက်နာကျင်သုံးမှုတွေမှာ ပြသာနာတက်နေပါတယ်။ အမျိုသမီးတွေ ခွဲခြား ခံလောက်တဲ့ အမျိုးသားတွေနဲ့ မတူတဲ့အချက်တွေရှိလို့ပါ။
အမျိုးသမီးအများစုဟာ အကြမ်းအားဖြင့် ခေတ်စနစ်ရဲ့ ပုံစံချမှုကြောင့် အား စိုက်လုံးလထုတ် လုပ်ရတဲ့အခါ အားနည်းနေပါတယ်။ အားနွဲ့တာ မဟုတ်ပါဘူး။ နောက်တခုက (နားနဲ့မနာ ဖ၀ါးနဲ့နာပါ) အမျိုးသမီးတွေရဲ့ ခန္ဒာဗေဒဖွဲ့စည်းပုံ လိင်အင်္ဂါအနေအထားဟာ လိင်ဆက်ဆံဖို့အတွက် အမြဲတမ်း အသင့်အနေအထား ဖြစ်နေပါတယ်။
ဥပမာ - မုဒိမ်းမှု တခုမြောက်တယ်ဆိုတာ အမျိုးသားရဲ့ လိင်အင်္ဂါက တောင့်တင်းနေဖို့လိုပါတယ်။ ဒီလိုမဟုတ်ရင် မုဒိမ်းမှု မမြောက်ပါဘူး။ အမျိုးသားတွေ က စိတ်ဆန္ဒရှိမှ လိင်အင်္ဂါက တုံပြန်တတ်ပြီး အမျိုးသမီးတွေကတော့ ဆန္ဒရှိရှိ မရှိရှိ လက်ခံနိုင်တဲ့အတွက်ကြောင့်ပါ။
ကျန်တာတွေက အမျိုးသားနဲ့ ခြားနားတာမရှိပါ။ ဒါကိုပဲ အမျိုးသားတွေက အခွင့်ကောင်းယူပြီး ဖိနှိပ်ခွဲခြား အနိုင်ကျင့် ဆက်ဆံပါတယ်။ ခေတ်ရဲ့ ကမ္ဘာလုံး ဆန်လာတဲ့ ကျေးဇူးကြောင့် အမျိုးသမီးတွေက သူတို့ ခွဲခြားဆက်ဆံခံရတဲ့ ပျောက်ဆုံးနေတဲ့ အခွင့်အရေးတွေ တောင်းဆို ကာကွယ်လာ ကြပါတယ်။ အမျိုးသမီးသီးသန့် အခွင့်အရေးတောင်းဆိုတာကို အမျိုးသားတွေ ဘက်ကလည်း ရုတ်တရက် လက်မခံနိုင်ပေမယ့် သူတို့ တောင်းဆိုတာ ဆုံးရှုံးနေတဲ့ အခွင့်အရေးဆိုတာကို နားလည်ပေးရမယ်။ ဒါမှ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းပပျောက်အောင် အမျိုး သမီးရော အမျိုးသားတွေရော တာဝန်သိသိ လက်တွဲဆောက်ရွက်မယ်ဆိုရင် မဝေးတော့တဲ့ အနာဂါတ် လူသားတွေ သာယာချမ်းမြေ့နိုင်မှာပါ။
အမျိုးသမီးတွေက ရှေးရိုးစွဲအမွေတွေက ဖောက်ထွက် နောက်ဆုံး နိုင်ငံတော် ဦးဆောင်တဲ့ အခန်းကကဏ္ဍမှာ ပါနေကြတယ် ပါဝင်ဖို့ လည်း တောင်းဆိုနေကြပါတယ်။ ဘယ်လိုပဲ တောင်းဆိုနေပါစေ မကြာသေးခင်တုန်းကပဲ အမျိုးသမီးတွေကို စစ်တမ်းတခု ကောက် ကြည့်တဲ့ ရလဒ်လေးက စိတ်ဝင်းစားစရာ ကောင်းပါတယ်။ အခုခေတ် နည်းပညာရဲ့ အကျိုးကျေးဇူးကြောင့် အမျိုးသမီးတွေက အမျိုသား တွေနဲ့ တန်းတူ အလုပ်လုပ်နိုင်လာကြတယ်။ အောက်ခြေအနည်းဆုံး ကုမ္ပဏီဒါရိုက်တာကအစ နိုင်ငံတော်အထိ ၀န်းကြီးချုပ် သမ္မတ အထိ ဖြစ်လာနေပါပြီ။
အဲဒီမှာ အမျိုးသမီးတွေက သူတို့သာ အပြင်ထွက် အလုပ်လုပ်ထက်စာရင် စီးပွားရေးအဆင်ပြေ ခင်ပွန်းသည် အမျိုးသားကလည်း နွေးထွေး မှုပေးနိုင်ရင် အိမ်မှာနေပြီး မွေးဖွားလာတဲ့ ကလေးရဲ့ ဝေယျာဝိစ္စတွေကို ကိုင်တိုင်ပြုစု ကျွေးမွေး စောင့်ရှောက်ချင်တယ်တဲ့။ ရုတ်တရက်ကြည့်ရင် မထူးဆန်းဘူးဆိုပေမယ့် အမျိုးသားတွေမှာ မရှိနိုင်တဲ့ အရည်းအချင်း အားသာချက်တခုပေါ်နေပါတယ်။ အဲဒါက တော့ ၀မ်းနဲ့လွယ်ပြီး မွေးဖွားပေးလိုက်တဲ့ မိခင်စိတ်ဓါတ် ပါပဲ။
ကမ္ဘာ့အရေးအခင်း ပြဿနာမီးပွားတွေရဲ့ ဒဏ်ကို အမျိုးသားတွေနဲ့ တန်းတူခံခဲ့ရတဲ့ ခေတ်အဆက်ဆက်မှာ ပြန်လည်တုံပြန်ဖြေရှင်း တဲ့အခါ ဒီမိခင်စိတ်ဓါတ် အမြင်ကြောင့် အမျိုးသားတွေ ဖြေရှင်းတာထက် ပိုပြီး လူသားဆန်ဆန် ဖြေရှင်းနိုင်ကြပါတယ်။ ကုမ္ပဏီတခုက လိုအပ်ချက်အရ အလုပ်သမားတွေ အလုပ်ထုတ်ပြစ်မယ်ဆိုရင်တောင် ပိုင်ရှင်က အမျိုးသမီးဆိုရင် ဒီမိခင်စိတ်နဲ့ စာနာနားလည်ပေးသလို နိုင်ငံတခုနဲ့တခု စစ်ခင်းနိုင်လောက်တဲ့ အဆုံးအဖြတ်တွေမှာလည်း ဒီမိခင်စိတ်ကြောင့်ပဲ မလိုလားအပ်တဲ့ ပြဿနာ ရှုပ်ထွေး ကြီးမားမှု တွေ လျော့နည်းသွားပါတယ်။
ကျနော်တို့ဟာ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်တဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်ခွဲခြားမှုတွေ လျော့နည်း ပပျောက်သွားအောင် တာဝန်ရှိပါတယ်။ ယနေ့ မြန်မာပြည် အမျိုးသမီးထုအခြေအနေဟာ အထက်ကပြောသလို ခွဲခြားဆက်ဆံမှုတွေအပြင် နအဖ စစ်အာဏာ ရှင်စနစ်ရဲ့ ဒဏ်ကြောင့် အရှိန်အဟုန်နဲ့ ဆိုးရွားနေပါတယ်။ မတရားတဲ့ စနစ်တွေကို တော်လှန် တိုက်ဖျက်ခဲ့တဲံ ခေတ်အဆက်ဆက်မှာ အမျိုးသမီးစွမ်းဆောင်မှုတွေက မပေါ်လွင်ခဲ့ပေမယ့် ထိရောက်မှုအားက ကြီးမားလှသလို ယနေ့ လူဦးရေ အချိုးအစားမှာလည်း အမျိုး သမီးက အများစုဖြစ်နေပါတယ်။ ယနေ့ ဂုဏ်ယူစရာကောင်းတာက နိုင်ငံရေးတက်ကြွမှုတွေမှာ အမျိုးသမီးအများအပြား ပါဝင် အံတုံ နေကြတာအပြင့် အထူးသဖြင့် ဒုတိယအမေလို့ ခေါ်ရလောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ရှိနေတာကိုပါ။ မတရားမှုကို တိုက်ဖျက် တိုက်ပွဲဝင်နေသူအားလုံးအပေါ် မိခင်စိတ် မိခင်မေတ္တာတရား နွေးထွေး တက်ကြွမှုခွန်အားတွေ အဆက်မပြတ်ပေးနေ အား ပေးနေ ယုံကြည်ပေးနေတာကိုက စစ်အာဏာရှင်စနစ် တော်လှန်နေတဲ့ နေရာမှာရော မြန်မာပြည်မှာ လူဖြစ်ရတာကို ကျေနပ်မိပါတယ်။
လူသားဆန်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ မိဘ။ မိခင်အပေါ် ချစ်ကြပါတယ်။ အဖေအမေတွေ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးချင်ကြတယ်။ အဲဒီအတိုင်းလည်း မိခင်တွေ စိတ်ချမ်းသာအောင် ကြိုးစားနေကြပေမယ့် ယနေ့ စစ်အာဏာရှင် စနစ်အောက်မှာ မဖြစ်နိုင်ပါဘူး။ မိခင်စိတ်ရှိသူတွေဟာ ဘယ်လိုမှ စိတ်မချမ်းသာ မပျော်ရွှင်ကြဘူး။ အကြောင်းရင်းက မိခင်တွေက သားသမီးအပေါ်မှာ ထားတဲ့ အနှိုင်းမဲ့ မေတ္တာတရားထားတဲ့ မိခင်စိတ်ကြောင့် သူတို့လို မိခင်စိတ်ရှိတဲ့ မြန်မာပြည်အနှံအပြားမှာ မိခင်တွေ ဒုက္ခရောက်နေကြလို့ပါ။ ဘယ်လို ပျောက်သွားမှန်းမသိတဲ သား၊သမီးပျောက် မိခင်တွေ၊ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတာကို ထိုင်ကြည့်နေရတဲ့ မိခင်တွေ၊ ဘယ်အ ချိန် ငါ့သား၊ ငါ့သမီးကို မတရားလုပ် လာဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ပြစ်လိုက်ကြမလဲ စသည့်စိတ်ခံစားချက် စိုးရိမ်ထိပ်လန့် သောက အပူတွေနဲ့ ပြည့်နှက်နေကြလို့ပါ။ အဲဒီတော့ အိမ်က အမေစိတ်ချမ်းသာအောင် လုပ်နေတာကိုက - - - သား - - - နိုင်ငံရေးလုပ်နေ တာလား အမေရယ် - - - ( Monday, May 10, 2010)

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment