နှစ် ၂၀ လည်းကျော်ပြီ နောက်တက်လာတဲ့ မျိုးဆက်သစ်တွေကို ပြောနေကြတဲ့ ငါ့တို့လည်း အသက်ကြီးပြီ တတ်နိုင်သလောက်လည်း လုပ်ခဲ့ကြတယ် ပေးဆပ်ခဲ့ကြတယ်။
မင်းတို့ဆက်ပြီး ပခုံးပြောင်းထမ်းကြတော့ ဒီလိုနဲ့ မျိုးဆက်တွေ ပြောင်းလဲထမ်းရွက်လာကြာတာ ယနေ့အထိ ထိထိရောက်ရောက် မဖြစ် သေးပါဘူး။ ဘာလိုနေလို့လဲ အယူအဆမျိုးစုံ ခံယူချက်မျိုးစုံ ကိုယ်စီနဲ့တော အမှန်တွေ ထင်စွာနဲ့ တိုင်းပြည်လည်း ဖွတ်ဖွတ်ညက်ညက်ကို ကြေနေပါပြီ။
ဒီစစ်အာဏာရှင်စနစ် ဘာကြောင့် တည်မြဲနေတာလဲ။ အဓိကကတော့ သူ့မှာ ငွေရှိတယ် လက်နက်ရှိတယ်။ ဒီနှစ်ချက်တည်းနဲ့ အာဏာ တည်မြဲအောင် ချုပ်ကိုင်ထားတာ။ လက်ရှိစစ်အစိုးရ ကျင့်သုံးနေတဲ့ အထက်အောက် အာဏာရဲ့ သဘောတရားကိုက နည်းနည်းလေးမှ လျှော့ပေးလို့ မရဘူး နည်းနည်းလောက် လျှော့ပေးလိုက်တာနဲ့ သူရဲ့ယန္တာယားကြီးက ပြိုပျက်သွားမှာပဲ။ ဒီအတွက်လည်း သူဘက်က အမြဲမပြတ် ပြင်ဆင်နေတာက သူခိုင်းတဲ့အတိုင်းလုပ်အောင် ဒီငွေနဲ့လက်နက်ကိုအမှီပြုပြီး ချော့ပြီးခိုင်းတယ် မရရင် ခြောက်ပြီးခိုင်းတယ် ဒီနှစ်နည်းပါပဲ။
ဒီလိုနဲ့ ၁၉၆၂ နှစ်က စလိုက်တာ ယနေ့ မတရားတဲ့ ရွေးကောက်ပွဲကျင်းပပေးတော့မယ့်ဆိုတဲ့ ယနေ့ကာလအထိပါပဲ။ ဒီနေရာမှာ မြန်မာ လူမျိုးတွေက ညံနေလို့လား အသုံးမကျလို့လား မေးစရာပေါ်လာပါတယ်။ မဟုတ်ပါဘူး အရမ်းကို တော်နေတတ်နေကြလို့ပါတဲ့ အဖြေ က။ တဖက်သားအပေါ် စာနာ နားလည်း ခံစားပေးတဲ့ လူသားဆန်တဲ့ပုဂ္ဂိုလ်တွေ မြန်မာပြည်မှာ အများကြီးရှိခဲ့ပါတယ် အခုလည်းရှိနေဆဲ ရှိနေတုန်းပါပဲ။

နီးစပ်တဲ့ သမိုင်းကို ပြန်လှန်ရရင် ကမ္ဘာ့ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ ဦးသန့်လို့ ဦးနှောက် မျိုးတွေပါ။ ယခင် ကတည်းက ယနေ့အထိ ကမ္ဘာ့ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်အာဏာက အင်အားကြီး နိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှုကို မကျော်ဖြတ်နိုင် သေးပါဘူး။ ဒီလိုလွှမ်းမိုးမှု မကင်းတဲ့ကြားက ကမ္ဘာ့အရေးအခင်းတွေမှာ တရားမျှတအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အတွင်းရေးမှူးချုပ် ဦးသန့်ကို ယနေ့ထိ တကမ္ဘာ့လုံးက လေးစား အသိအမှတ် ပြုနေဆဲပါ။ မျက်မှောက်ခေတ်မှာတော့ စစ်အာဏာရှင်တွေ ကြောက်လန့်နေရ တဲ့ နိုဘယ်ဆုရှင်လည်းဖြစ် မတရားမှုကို ကြံကြံခံ ရင်ဆိုင်အံတုနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ် မျိုးရှိနေတာကိုက မြန်မာဆိုတာ ကမ္ဘာမှာ လက်မထောင်နေဆဲပါ။
၁၉၅၈ ခုနှစ်က အနေအထားကို ပြန်ကြည့်ရင် မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုတွေ စာနာနားလည် ထက် မြက်တဲ့ပုဂ္ဂိုလ်တွေ အချင်းချင်း မကြီးမားတဲ့ ပဋိပက္ခတွေကို အကြောင်းပြု အခွင့်ကောင်းယူပြီး စာနာနားလည်မှုမရှိ တယူသန် တစောက် ကန်းသမားဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်းလို ပုဂ္ဂိုလ်မျိုး နေရာရလာတော့တာပဲ။ စာနာ နားလည်မှု တအားရှိနေတော့ စာနာနားလည်မှု လုံးဝမရှိ တဲ့ သူက တက်အုပ်ချုပ်လိုက်တာ ယနေ့ထိ လက်ဆင့်ကမ်းအမွေဆိုးပေး ပိုမိုဆိုးရွားလာတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် အထိ ပါပဲ။
မြန်မာတွေ မညံတာအပြင် နောက်တချက်ကတော့ မြန်မာလူမျိုး တိုင်းရင်းသားညီအကိုမောင်နှမတွေရဲ့ သွေးထဲမှာရှိတဲ့ ဗီဇ ဂျင်းမှာကိုက တိုက်ချင်ခိုက်ချင်တဲ့စိတ်က ကိန်းအောင်းနေတာပါ။ ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အနော်ရထာဘုရင် ခေတ်ကတည်းက စလိုက် တာ ယနေ့ ဖြစ်နေဆဲ ပြည်တွင်းစစ်တွေအထိ ပြန်ကြည့်ရင် အချင်းချင်း တိုက်ခိုက်နေကြတော့ပါပဲ။ ဘုရင်ခေတ်က တပြည်နဲ့ တပြည် တိုက်ကြခိုက်ကြ၊ အင်အားကြီးပြီး တိုက်ခိုက်စရာမရှိတော့ရင် ရှိနေတဲ့အချင်းချင်း ပြန်ချတော့တာပဲ။ မြန်မာပြည်ကို တိုင်းတပါက လာထိပါးရင် ရှိနေတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေ စုပြီးပြန်တိုက် ပြည်ပစစ်မရှိတော့ရင် ထုံးစံအတိုင်း အချင်းချင်း ပြန်တိုက်ပြန် တယ်။ အဲဒီဗီဇ ဂျင်းကိုက ယနေ့ စစ်အစိုးရဒဏ်ကြောင့် နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သားတွေ ကြည့်ရင်သိသာပါတယ်။ အချင်းချင်း မနာလို ကပ်တွက်နေလိုက်တာကိုက မငြင်းဆိုနိုင်စရာပါ။
မြန်မာလူမျိုးတွေက တော်ကလည်းတော် တိုက်ရ ခိုက်ရတာလည်း ၀ါသနာပါ ဒီလိုနဲ့ စစ်အာဏာရှင်စနစ်ကြီးကို မျိုးချစ်တဲ့တပ်မတော် သားရော ပြည်သူလူထုပါ ဆန့်ကျင်အံတု တိုက်ပွဲဝင်နေကြပါတယ်။ ဒီစစ်အာဏာစနစ်ကြောင့် တိုင်းပြည်ဒုက္ခရောက်နေရတယ် မျိုးဆက် သစ်တွေ လူညွှန့်တုံးနေရတာကို သိတယ်။ ဒီစနစ်ပြောင်းကို ပြောင်းလဲအောင် လုပ်ရမှာလည်း သိတယ်။ သိတော့လုပ်တယ် ဘယ်နည်း တွေ ပိုထိရောက်မလဲ ပိုကောင်းမလဲနဲ့ ကိုယ်သန်ရာ လက်နက်ကိုင်လမ်းစဉ်နည်း၊ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲနည်းတွေနဲ့ တော်လှန် နေကြတယ်။

ရှေ့က မအောင်မြင်ခဲ့တာကို သင်ခန်းစာယူ လုပ်ကြတယ် ပေးဆပ်ကြတယ် အနစ်နာခံ တိုက်ပွဲဝင်နေကြပါတယ်။ အဲဒါဆို သိလည်း သိ တယ် လုပ်လည်း လုပ်တယ် ဘာကြောင့် တိုင်းပြည်က မရွေ့နိုင် မပြောင်းလဲနိုင်သေးတာလဲ။ ချွမ်းချက်မကင်းတဲ့ ပြောင်းလဲမှုအတွက် အချိန်ပေး ပြည့်မီပေးဆပ် တိုးတက်မှု လိုတာက တကဏ္ဍပါ။ အဓိက လိုအပ်နေတာက သိတဲ့အတိုင်း အကောင်းဆုံး လုပ်တဲ့နေရာမှာ "ထိထိရောက်ရောက်" လုပ်နိုင်ဖို့ပါပဲ။ အနှစ်ချုပ်ပြောရရင် တိုင်းပြည်မရွေနိုင် မပြောင်းလဲနိုင်သေးတာက "ထိရောက်အောင်" မလုပ်နိုင် သေးလို့ပါပဲ။ (Sunday, June 6, 2010)
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment