ယနေ့ တော်လှန်ရေး သက်တမ်းကာလဟာ နှစ် ၂ဝ ကျော် ကြာလာသည့်အပြင် လှုပ်ရှားနေသူများလည်း အသက်အရွယ်အရ ကြီးရင့်သူများ ဖြစ်လာပါတယ်။
ဒီနေရာမှာ ရင့်ကျက်တဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံရှိတဲ့ လူကြီးများရဲ့ နေရာများကို ရင့်ကျက်ဆဲ လူငယ်များဖြင့် တဖြည်းဖြည်း အစား ထိုးဖို့ဆိုတာ မှန်ပါတယ်၊ ရင့်ကျက်မှု ဆိုတာ အချိန်အတာတခုအထိ ဖြတ်ကျော်နိုင်ဖို့ လိုတယ်မှန်ရင် တော်လှန်ရေး သက်တမ်းဟာလည်း ဆက်လက် ကြာရှည်မှာပါ။
အနာဂါတ်ကို ခေါင်းဆောင်မယ့် မျိုးဆက်သစ်လူငယ်တွေကို အချိန်တိုင်း လူညွန်တုံးအောင် ဖြစ်နေတဲ့ ကာလမှာ လူကြီးများရဲ့ ရင့်ကျက် တဲ့ အတွေ့အကြုံ နည်းဗျူဟာများနဲ့ လူငယ်တွေရဲ့ ထက်သန်ပြင်းပြတဲ့ တက်ကြွမှုခွန်အားများ ပေါင်းစပ်နိုင်မှ အပြောင်းအလဲ အမြန်ဖြစ် နိုင်မှာမို့ လူကြီးတွေကလည်း လက်ရှိတာဝန်တွေကနေ လူငယ်များကို လက်တွဲခေါ်ပြီး တော်လှန်ရေးကို အရှိန်မြှင့်တင်ပေးဖို့ပါ၊ အရှိန်မြှင့် တင်ပေးဆိုတဲ့နေရာမှာ လူကြီးတွေက လက်တွဲခေါ်ယူ လမ်းပြပေး။ လူငယ်တွေကလည်း လူကြီးတွေရဲ့ နည်းဗျူဟာများကို လိုက်လံ အကောင်အထည်ဖော်။ တဖက်မှာလည်း ရင့်ကျက်ဆဲ့ ကာလကို ဖြတ်ကျော် ပြီးသားလည်း ဖြစ်ပါတယ်။
အဖွဲ့အစည်း တော်တော်များများမှာ လှုပ်ရှားနေတဲ့ ခေါင်းဆောင်ပိုင်းအတော်များများဟာလည်း အသက်အရွယ် ကြီးရင့်နေပြီး တာဝန်ယူ လုပ်ဆောင်နိုင်မှုကလည်း များပြားလှပါတယ်။ ထမ်းရွက်ရမယ့် အလုပ်တွေကို ခွဲပေးပြီး သူတို့ရဲ့ နည်းဗျူဟာများ( လူငယ်တွေများ မကြုံ တွေ့ခဲ့ရတဲ့ တော်လှန်ရေး ဖြတ်သန်းမှု။ နည်းလမ်းသစ်တွေဆိုတာ နောက်ဆုံးတော့ ရှေးလူကြီးတွေ အမှားပေါင်းများစွာ ကြုံတွေ့ဖြတ် သန်းကျော်လွန်ပြီးမှ စမ်းသပ်ခံခဲ့ရတဲ့ နည်းဗျူဟာများပါပဲ)ကို လိုက်လံအကောင်အထည် ဆက်လက်ဖော်ဆောင်ပေးမယ့် လူငယ်တွေရဲ့ အခန်းကဏ္ဍကို အရင်ကထက် ပိုမို မြှင့်တင်ပေးရန် အထူးလိုအပ်ပါနေပါတယ်။ ဥပမာ - NLD ဗဟိုဦးဆောင် ကောင်မတီဝင်လူကြီးများရဲ့ အသံကို နားထောင်ရတာ သူတို့ရဲ့ လုပ်ဆောင်ချင်သော နည်းလမ်းများကြောင့် အားတက်စရာဖြစ်တာ မှန်ပေမယ့် တဖက်မှာလည်း ဇီဝ ဖြစ်စဉ်သဘောအရ တုန်တုန်ချီ့ချီ့နဲ့ သူတို့အသံတွေ ကြားရတာ စိတ်မကောင်း ဖြစ်မိပါတယ်၊ ကန်တော့ပါသေးရဲ့ သူတို့တွေ မသေခင်မှာ သူတို့ရဲ့ နည်းဗျူဟာများကို မြန်မြန်အကောင်အထည်ဖော်မယ့် လူငယ်များကို အရှိန်အဟုန်နဲ့ မွေးထုတ်ပေးဖို့ လိုအပ်နေကြောင်းပါ။ (Monday, April 19, 2010)

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment