ပြည်သူ့သဘောထားကတော့ ရှင်းရှင်းလေးပါပဲ ၂၀၁၀ ရွေးကောက်ပွဲကို လက်ရှိအနေအထားထက် ထူးလို့မမြင် ဒီအတိုင်း ဆက်သွားမှာပါပဲတဲ့။
အဓိက အပြောင်းအလဲကို ဖန်တီးနိုင်စွမ်းရှိတဲ့ NLD ကလည်း လက်မခံ၊ တခြားအတိုက်အခံ အဖွဲ့အစည်းများကလည်း ဆန်ကျင့်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လက်နက်ကိုင်တိုက်ပွဲ ၀င်နေသူများကလည်း သဘောမတူ၊ ဒါလည်းပဲ နအဖကတော့ ဒီအတိုင်းဆက် သွားမှာပဲ။ နအဖအခု ခင်းတဲ့ဗျူဟာက အခြေအနေတွေကို ပိုမိုရှုပ်ထွေးအောင် လုပ်နေတယ်ဆိုတော့ သတိထားရပါမယ်။ နအဖချပေးတဲ့ ကစားကွက်ကို မကစားချင်းဘူး ကိုယ့်ကစားကွက်နဲ့ ကိုယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုဟာက သူ့ကစားကွက်ကို ဂရုမစိုက်ပဲ ကိုယ်မူနဲ့ ရှေ့ဆက်တိုးရင် ပန်တိုင်ကိုရောက်ဖို မြန်မလား ဒါမှမဟုတ် သူဆင်တဲ့ အကွက်ထဲကနေ သူရဲ့ချွတ်ယွင်းချက်ကို နင်းပြီး ရှေ့ဆက်တိုးရင် ပိုမြန်မလားဆိုတာကတော့ စဉ်းစားစရာပါ။ နောက်တချက်က အာဏာလက်မလွတ်ချင်သူတွေဟာ စစ်သားဖြစ်တယ် ဒါကြောင်မို့ သူတိုက တခြား အတတ်ပညာရှင်တွေဆီက ဘယ်လိုပဲ ကောင်းတဲ့အကြံဥာဏ် ရယူရယူ နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့အခါ စစ်ဗျူဟာနည်းပရိယာယ်ပေါ်မှာ အခြေခံမယ်ဆိုတာကိုလည်း သိထားရပါမယ်။ ဒါမှ သူတို့အကွက်ကို ကျော်မြင်နိုင်ပြီး ကိုယ်ဘက်က ကြိုတင် ပြင်ဆင်ထားနိုင်မှာမို့ပါ။
ဗျူဟာဆိုလို့ တဖက်နဲ့ တဖက်ယှဉ်ပြိုင်ရင် တော်တဲ့ ကောင်းတဲ့ ဗျူဟာက အနိုင်ရမယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုဆိုလို့ နအဖက ဗျူဟာ ကောင်းရင် ကိုယ်က ရှုံးပြီလို့လည်း မဆိုနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ ကစားကွက်ကိုက အားနည်းချက်တွေ ပေါ်နေလို့ပါ။ သူက ၂၀၁၀ ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် သူက ဇာတ်သိမ်းမှာပဲ သူက နည်းနည်းလျော့ လိုက်လျောရင် နေရတာ နည်းနည်းကြာမယ်။ အခုလို ခပ်တင်းတင်း ဖိနှိပ်မယ်ဆိုရင် မြန်မြန် ဇာတ်သိမ်းမယ်။ အဓိကအားနည်းချက်က အကြောက်တရား လွှမ်းမိုးနေလို့ပါပဲ။ အကြောက်တရားဆိုတဲ့အထဲမှာ လုပ်ပိုင်ခွင့် ဆုံးရှုံးရမှာ၊ ငွေးကြေးဓနဥစ္စာ ပျက်ဆီးသွားမှာ၊ ပြန်လည် အပြစ်ပေးအရေးယူခံရမှာ ကြောက်တာ၊ ဗိုလ်ချူပ်ကြီးတွေက အရေးယူ ကြိုးစင်တက်ရမှာအစ ကြံဖွံ့လို စွမ်းအားရှင်တို့လို ခွက်ပဲ့လေး ပျောက်သွားမှာအဆုံး ပါပါတယ်။ နောက်ဆုံး ဘာမှမလုပ်ပဲ ဆက်လက်ဖိနှိပ်မယ် ဆိုရင်တောင် သူ့လူအချင်းချင်းမှာလည်း ဒီအကြောက်တရား အတွင်း မီးကြောင့် အာဏာရှင်အဆောက်အုံကြီးက လောင်ကျွှမ်းပြိုပျက်သွားမှာပါပဲ။
အခု ၂၀၁၀ ရွေးကောက်ပွဲ ဘောလုံးပွဲကြီး ကျင်းပတော့မယ်ဆိုရင် ကျနော်တို့လုပ်ရမှာက ၀င်ကန်မလား၊ မကန်ဘူးလား။ သေချာတာ ကတော့ ဒီအတိုင်း ရပ်ကြည့်နေလို့ မရတာကတော့ အမှန်အကန်ပဲ။ သူက ဒီပွဲကို အကြောင်းပြုပြီး လူတကာကို နားလှည့် ပါးရိုက်တော့ မှာမို့ပါ။
မပါဝင်မယ့် လူတွေအတွက်ကလည်း ဘာမှအကျိုးရလာဒ်မရှိတဲ့ ပွဲကို ခြေထောက်အနာခံပြီး ၀င်ကန်ဖို့ကို ဘယ်သူကမှ အချိန်ကုန်ခံပြီး စဉ်းစားကြမှာ မဟုတ်ပါဘူးး။ နအဖက သူလူ သူအဖွဲ့တွေကြီးပဲ ကန်ကြမယ်ဆိုရင်လည်း အစီအငေါ်မတည့် မနိုင်မနင်း အိုးနင်းခွက်နင်း ဖြစ်ပြီး သူကြိုးနဲ့သူ ပြန်တုတ်မိ အရှက်ကွဲမှာပဲ။ နောက်တခုက တစုံတရာပြောင်းလဲလို့ ဒါမှမဟုတ် မျှော်လင့်ချက်ရောင်ခြည် ရလဒ်လေး တခုမြင်လို့ ၀င်ကန်မယ်ဆိုရင်လည်း ကန်ကြမယ်ပေါ့။ ကန်ဖို့ကိုလည်း ကိုယ့်လူတွေမှာ အရည်းအချင်းရှိပြီးသားလူတွေ ကျန်ပါသေး တယ်(NLD)။ သူတို့ ကွင်းထဲ ၀င်ကန်တဲ့အချိန်ကျရင် ဗြောင်အလိမ်မခံရအောင်၊ မတရားမလုပ် အနိုင်ကျင့်မခံရအောင် ပရိသတ်အင်အား (လူထု)၊ ဒီအသင်းကို အားပေးထောက်ခံနေသူတွေ (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ)၊ မသာမာတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ရင် ရပ်ရွာလူကြီးများကို ပြေးခေါ် အသိပေးနိုင်ဖို့ (နိုင်ငံတကာ လော်ဖီလုပ်နေသူများ)၊ ကွင်းတွင်း ကွင်းပြင် စောင့်ကြည့်အား ပေးနေသူတွေ (ပြည်ပရောက် အတွင်းနှင့်အပြင် ချိတ်ဆက်ဆောင်ရွက်နေသူများ)အားလုံး ကျရာအခန်းကဣတွေမှာ နည်းလမ်းတကျ ၀ိုင်းဝန်းပံ့ပိုးပေဖို့ပဲ လိုပါတယ်။

ဖြစ်လာပြီဆိုရင် ပြည်သူလူထုတွေအနေနဲ့လည်း NLD ပါတီ၊ တခြားအတိုက်အခံ အဖွဲ့အစည်းတွေ လုပ်ဆောင်မှု လျှို့ဝှက်ထားရမယ့် နည်းဗျူဟာတွေ ချမပြပေးနိုင်မှုအပေါ် သဘောထားကြီး နားလည်ပေးနိုင်ရမယ်။ တိုင်းရင်သား အဖွဲ့အစည်းတွေကလည်း လတ်တလော အခင်းအကျင်းအတွက် ညီညွတ်မှုကို အရှိန်တိုးမြှင့် တည်ဆောက်ဖို့ လိုပါတယ်။ ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းတွေကလည်း အတွင်းနဲ့အပြင် အပြန်အလှန် ချိန်ဆက် ညိုနှိုင်းတိုင်ပင် ဆောင်ရွက်နိုင်ဖို့ကို ဇောင်းပေးဖို့ပါပဲ။
မိဘက သားသမီးကို လိမ္မာစေချင် မေတ္တာထား ချစ်တယ်ဆိုတာ ပါးစပ်ပြော၊ မုန့်ဝယ်ကျွှေးယုံနဲ့ မရပါဘူး။ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ သူတို့အတွက် စိုးရိမ်းတယ် မေတ္တာထားတယ်ဆိုတာကို နည်းလမ်းတကျ ချပြနိုင်မှ သားသမီးကလည်း သူတို့အပေါ် ဘယ်လောက် ချစ်တယ်ဆိုတာကို သိမှာပါ။ ဒီလိုမလုပ်ပဲ ချစ်တယ် ချစ်တယ် အော်နေရုံနဲ့တော့ သားသမီးက ဘ၀ပျက်သွားနိုင်သလို အထူးသဖြင့် သားသမီးအပေါ် သံယောဇဉ်ကြီးမားတဲ့ မိဘတွေမှာပါ ဒုက္ခတွေ့ နိုင်ပါတယ်။ (Monday, April 19, 2010)
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment