တော်လှန်ရေး တရပ်ဆင်နွဲရာမှာ ငွေ၊ အချိန်၊ ဘ၀တွေနဲ့ အသက်ပေါင်းများစွာ စတေး ပေးဆပ်ရပါတယ်။ ဒီနေ့ မြန်မာပြည်ပြောင်းလဲ အောင် တွန်းလှန်တဲ့နေရာမှာ တော်လှန်ရေးသက်တမ်း ရှည်ကြာမှုကြောင့် လူငယ်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာပါတယ်။
လူငယ်ဆိုလို့ နိုင်ငံရေးကို စိတ်မ၀င်းစားဘူး။ ဗိုလ်ချုပ်မွေးနေ့ထက် ချစ်သူများနေ့ကို ပိုစိတ်ဝင်းစားနေကြတယ် အစရှိသဖြင့် ပြောဆိုနေ ကြပါတယ်။ တကယ်လည်း တော်လှန်ရေးမှာ လူငယ်ပါဝင်မှု နည်းနေတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ပြန်ဆန်းစစ်ကြည့်ရင် နိုင်ငံရေး လုပ်ရာမှာ စိတ်မ၀င်းစားကြတာ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်လောက်အောင်တော့ အကြောင်းအရင်းများစွာရိှပါတယ်။ အုပ်စိုးသူက စနစ်တကျ ပုံစချ ဖိနှိပ်ချုပ်ချယ်ထား တာအစ စားဝတ်နေရေး အဆင်ပြေအောင် ရုန်းကန်နေရတာအဆုံးပေါ့။
တော်လှန်ရေး ဘာကြောင့် မအောင်မြင်ရတာလဲ လုံလောက်တဲ့ အားထုတ်ပေးဆပ်မှု မပြည်စုံသေးလို့ပါ။ ဒီလိုပဲ လူငယ်တွေ ဘာကြောင့် တော်လှန်ရေးမှာ ပါဝင်မှုနည်းပါးနေရတာလဲ အနာဂါတ်ပျောက်အောင် အမှောင်ချ ပုံစံခွက်ထဲ အထည့်ခံထားရမှန်း မသိတာရယ် အိမ်က ဆန်အိုးပြည့်အောင် ရှာဖွေရုန်းကန်နေရလိုပါ။ ဒီတော့ ပြဿနာတရပ်ရဲ့ အဖြေကို သိရက်နဲ့ ဘာကြောင့်မဖြေရှင်းတာလဲလို့ မေးစရာရှိ လာပါတယ်။ ဒီနေ့တော်လှန်ရေး မှာ ဦးဆောင်နေကြတဲ့ ခေါင်းဆောင်တွေ ပြောဖူးတယ် ငါတို့လည်း တတ်နိုင်သလောက် လုပ်နေတာပဲ။ ၈၈ တုန်းကဆိုရင် မင်းတိုထက် ပိုဒုက္ခရောက်တယ် မင်းတို့လောက် အခွင့်အရေးမရှိဘူး။ တကယ်လည်း သူတို့နဲ့ ရင်းရင်းနှီးနှီး နေကြည့်တော့လည်း ပြောတဲ့အတိုင်း ဟုတ်နေပါတယ်။ လူငယ်တွေကို လက်တွဲခေါ်ဖို့ အခက်အခဲ များရှိပေမယ့် တတ်နိုင်သလောက် လုပ်ဆောင် နေကြပါတယ်။
နောက်တခုဟာ လူငယ်တွေ အမြင်ကျယ်ကျယ် ပူးပေါင်းပါဝင်လာအောင် ငွေအားလိုအပ်နေတာပါ။ ငွေမရှိရင် လုပ်လို့ မရဘူးလား ဆိုတော့လည်း လုပ်ချင်စိတ်ရှိရင် ရပါတယ်။ ဒါပေမယ့် ငွေအားနည်းလို့ တော်လှန်ရေးအ တွက် ဆုံးရှုံးမှုတွေကလည်း စဉ်းစားစရာ ကောင်းပါတယ်။ ဥပမာ - ဒုက္ခသည်စခန်းမှာ ရှိတဲ့လူငယ်တွေ တော်လှန်းရေး လုပ်ချင်စိတ်ရှိကြတယ် ပါဝင်ချင်တယ် တတိယနိုင်ငံတွေ သွားဖို့ အခွင့်အရေး ရရက်သားနဲ့ ကိုယ်လူမျိုး၊ ကိုယ့်နိုင်ငံအတွက် ပေးဆပ်ချင်နေကြတယ်။ သူတို့မှာ တစုံတရာ အထောက်အပံ့ အခွင့် အလမ်း အဓိကကတော့ ငွေအားမရှိလို့ပါ။ ဒီတော့ သူတို့တွေဘ၀မှာ ဦးတည်ချက်မဲ့ လမ်းပျောက်နေကြတာ နယ်ခြားမှ အထဲပြည်တွင်းမှာလည်း တော်လှန်ဖီဆန်ရမယ့် နည်းပရိယာယ် မသိအောင် ချုပ်ချယ် ကန့်သတ်ခံထားရမှုကို ခြေဖျက်ရာမှာ ငွေအားလိုအပ်နေသေး တာလည်း ချန်ထားလို့မရဘူး။
ဒီကနေ့ လှုပ်ရှားမှုတွေမှာ လူကြီးတွေက ရသလောက် လက်တွဲခေါ် တဖက်မှာလည်း ဦးဆောင်တိုက်ပွဲဝင် ဒုက္ခခံ နေကြသလို ဒီထက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။ လူကြီးကလည်း ကြိုးစား လုပ်နေသလို လူငယ်တွေကလည်း တတ်နိုင် သလောက် ၀ိုင်းဝန်းပံ့ပိုး ကာရံပေးတာတောင် ထင်သလောက် အောင်မြင်မှု မရဘူးဆိုတာ စဉ်းစားစရာပါ။
တော်လှန်ရေးတို့ ထုံးစံအတိုင်း သက်တမ်းကြာလာတာနဲ့အမျှ ဖြစ်တတ်တဲ့သဘော ထောက်ပံ့နေသူတွေလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်မပေးချင်တော့ဘူး (သူတို့တွေ ထင်သလောက် ရလဒ်တွေ မပေါ်တာလည်း တပိုင်းပေါ့)၊ ပါဝင်တော်လှန်နေသူများလည်း ဒီမိုကရက်ဆန်ဆန် အထိအတွေ့မရှိသေးတော့ အချင်းချင်း စိတ်သ ဘောမတိုက်ဆိုင် စိတ်ဝမ်းကွဲလာ၊ အချိန်ကာလ ကြာမြင်မှုရဲ့ဒဏ် စိတ်ထဲ အလိုမကျ စိတ်ဓါတ်ကျမှုတွေဖြစ်လာ၊ အတိုက်အခံတွေထဲမှာ ဖြစ်ပျက်နေကြတဲ့ ပုဂ္ဂိုလ်ရေး၊ အခွင့်အလမ်း၊ ငွေးကြေးပြဿနာတွေ အချို့ကို လုပ်သလို ဖြစ်နေတဲ့ အုပ်စိုးသူက ပုံကြီးချဲ့ ၀ါဒဖြန်ချိတာ အတော်ထိရောက်ပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် နိုင်ငံ ရေးသမားဆိုတာ ကြားလိုက်တာနဲ့ အများအားဖြင့် အလိုလို ကြည့်မရဘူးဖြစ်နေတာ ယနေ့ မျက်မှောက်ခေတ် အထိပါပဲ။
နောက်ထပ်အရေးကြီးဆုံးက တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် လက်ဆင့်ကမ်း သယ်ဆောင်မယ့် လူငယ်တွေအပေါ်မှာ ထားရှိတဲ့ လူကြီးတွေရဲ့ သဘောထားပါ။ လူကြီးတွေ ပြောသလို "ငါတို့လည်း မင်းတို့လို ငယ်ရာက ကြီးလာတာကွ။ မင်းတို့ရော ဘယ်လို သဘောထားစေချင်သလဲတဲ့"။ ကျနော်လည်း အခုမှ ကျနော်လို လူငယ်တွေအပေါ်ကို ဘယ်လို သဘောထားစေချင်တယ်ဆိုတာ စဉ်းစားနေတာ ဒီညနေအထိ အဖြေမထွက် သေးဘူးဗျာ။ (Sunday, April 18, 2010 )

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment