
မဟာဗျူဟာကို Strategy ဟု လူတိုင်းသိပြီးဖြစ်သည်။ မူရင်းစကားလုံးမှာ စစ်ဘက်မှ ဆင်းသက်လာသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်များအနက် လွယ်ကူစွာ သိနိုင်သော ဖွင့်ဆိုချက်တစ်ခုမှာ (A plan designed to achieve a particular long-term aim) ဖြစ်သည်။ သတ်မှတ်ထားသော ရေရှည်ရည်မှန်းချက်တစ်ခုကို ဆောင်ရွက်နိုင်ရန် အသေအချာ ပုံစံပြုရေးဆွဲထားသော အစီအမံတစ်ခုဟုနားလည်နိုင်ပါသည်။ နောက် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ (The art of planning and directing) စီမံထားခြင်း၊ လမ်းညွန်ခြင်းတို့၏ အ တတ်ပညာလည်း ဖြစ်သည်။ဖစ်သည်။ စီမံခန့်ခွဲရေးပညာဆိုင်ရာမှ အရိုးစင်းဆုံးသော အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ (A set of tactics to achieve mission) ရည်မှန်းချက် ပေါက်မြောက်စေရန် နည်းဗျူဟာ အစုအပေါင်းတစ်ခု ဖြစ်သည်ဟုလည်း နားလည်နိုင် ပြန်သည်။ ဆိုရလျှင် မဟာဗျူဟာရည်မှန်းချက်သည် နည်းဗျူဟာရည် မှန်းချက်များဖြစ်သော(Goal , Objective) စသည်တို့ထက် မြင့်မားသော ရည်ရွယ်ချက် (Mission)ရှိနေသည်ကို တွေ့နိုင်သလို ရေတိုကိစ္စမြော်မြင်မှု မဟုတ်ဘဲ ရေရှည်ကိစ္စ မျှော်မှန်းချက်တစ်ရပ် လည်း ဖြစ်သည်။
များစွာ တာသည်
တစ်ဦးချင်း၊ မိသားတစ်စုချင်းအဆင့်၌ များစွာ မသိသာလှသော်လည်း ကော်ပိုရိတ်အဆင့်မှ အထက် ဘက်တွင် မဟာဗျူဟာအမြင်၊ မဟာဗျူဟာအတွေးသည် ဦးဆောင်သူတို့အ တွက် မရှိမဖြစ်လိုအပ်သော အခြေခံအရည်အချင်းတစ်ရပ်ဖြစ်လာသည်။ နိုင်ငံတစ်နိုင်ငံအဆင့်၌မူ အနည်းဆုံးဒေသတွင်း Strategic View , Strategic Thinking တို့ဖြင့် အားပြိုင်ကြရသော အခြေအနေဖြစ်လာသည်။ ရိုးစင်းသော မဟာ ဗျူဟာသဘောကို ငယ်စဉ်စစ်မှုထမ်းတိုက်ပွဲဖြစ်စဉ်တွင် စတင် သတိထားမိလာသည်။
ကိုယ့်ဘက်ကG-3 ၏ ကျည်ဆန်က ကလီဗာ (၇ ဒသမ ၆၂)ရှိသည်မို့ ရန်သူကို ထိခိုက်လျှင် တုံးကနဲ ဖြစ်သည်။ ရန်သူ့ဘက်က ကျည်ဆန်က ကလီဗာသေးသည်မို့ ရုတ်တရက် မသေနိုင်၊ ဒဏ်ရာရသူကို ပြုစု၊ ထမ်းပိုးရသောကြောင့် အပိုအင်အားကုန်သည်။ တောကြီးမျက်မည်းထဲဖြစ်၍ အနာရင်းပြီး လူ နာအော်သောအခါ ကျန်သူများ ခြောက်ခြား ကြရသည်။ မိုင်း ဖြစ်စဉ်တွင် ပို၍ဆိုးသေး၏။ ကျည်ဆန်တစ်ထောင့်ထုတ်လုပ်မှု၌ပင် မဟာ ဗျူဟာသဘော သက်ရောက်နေလျှင် များစွာကြီးမားသော အရေးအရာများ၌ မဟာဗျူဟာ သဘော တရားများ ကင်းလွတ်နိုင်တော့မည် မဟုတ်ချေ။ မည်မျှထက်မြက်သော မဟာဗျူ ဟာအမြင်နှင့် မည်မျှ တာ သော မဟာဗျူဟာ အတွေးကို စဉ်းစားနိုင်ခြင်းကသာ အရေးကြီးလာ ပါသည်။
|
မဟာဗျူဟာသမား လီကွမ်ယူ
စင်ကာပူသည် မြို့ပြနိုင်ငံငယ်မျှသာ ဖြစ်သည်။ လူဦးရေ (၄) သန်းမျှသာ ရှိသော အတိမ်းအစောင်းမခံသည့် နိုင်ငံလေးဖြစ်၏။ မလေးရှားထံမှ ရေချိုကို ဝယ်ယူသုံးစွဲနေရသည်။ စစ်ဆင်ရေးကောင်းဖြင့် ဆင်နွှဲလျှင် နာရီ ပိုင်းမျှနှင့် ကျဆုံးသွားနိုင်သော အခြေအနေဖြစ်သည်။ အင်ဒိုနီးရှား၊ မလေး ရှားတို့ကို မျက်နှာချိုသွေးနေရသော လီကွမ်ယူကို ဆယ်စုနှစ် (၃) ခုမျှ ကြာပြီးသောအခါ အင်တာဗျူး၌ မေးခွန်းတစ်ခုမေးခဲ့သည်။ ဝန်ကြီးချုပ် အနေနဲ့ အင်အားကြီးနိုင်ငံ တစ်နိုင်ငံက စစ်တိုက်လာရင် ခုခံကာကွယ်နိုင် မယ်လို့ ယူဆပါသလား ဟာ…. . စင်ကာပူ ခဏလေးနဲ့ ကျသွားနိုင် တာပေါ့၊ ဒါပေမဲ့ လာတိုက်မယ့်နိုင်ငံကို အရင် မေးလိုက်ပါဦး၊ ပြဿနာ တွေကို ရှင်းနိုင်ရဲ့လား လို့ ဖွံ့ဖြိုးတိုးတက်မှုကို မရသေးမီ လီကွမ်ယူ အနေဖြင့် သံတမန်လမ်းကြောင်းမှ အားလုံးနှင့် အဆင်တပြေဖြစ်အောင် ဆက်ဆံခဲ့ရသည်။ နှစ် ပေါင်း (၃၀) ကျော်အတွင်း နိုင်ငံကို ဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းပေါ် မရောက်ရောက် အောင်ပို့ဆောင်သည့် တစ်ချိန်တည်းမှာပင် သူ့နိုင်ငံလေးကို မဟာဗျူဟာကျကျ အကာအကွယ် ပေးခြင်းကိုလည်း စွမ်းဆောင်ခဲ့ပါ၏။ စင်ကာပူနိုင်ငံသေးသေးလေးကို စစ်လက်နက်တို့ဖြင့် ကာကွယ်ထားသည်ထက် ဘဏ္ဍာရေးထီးဖြင့် ကာကွယ်ထားခြင်းက ပို၍ လုံခြုံစိတ်ချရမည်ဟူသော မဟာဗျူဟာ အတွေးအမြင်ကို လီကွမ်ယူ အကောင်အထည် ဖော်လိုက်နိုင်ခဲ့ပါသည်။ စင်ကာပူသည် ကမ္ဘာ့စတုတ္ထအကြီးဆုံး ဘဏ္ဍာရေးဆိုင်ရာ အချက်အချာ ဖြစ်လာခဲ့ရသည်။ တစ်ကမ္ဘာလုံးနှင့် ဆက်စပ်နေသော စတော့ ဈေးကွက်ကြီး ရှိနေပါသည်။ စင်ကာပူ ကိုစစ်တိုက်ရန် မဆိုထားဘိ၊ စစ်ရိပ်စစ်ငွေ့သန်းရုံမျှနှင့်ပင် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ကြီး ကမောက်က မ ဖြစ်သွားနိုင်သည်။ စစ်တိုက်ရန် ပြင်ဆင်သောနိုင်ငံကို ကျန်နိုင်ငံများက ပြန်၍ စစ်တိုက်ပေးမည့် အနေအထားကို လီကွမ်ယူက ဖန်တီးထားခြင်း ဖြစ်သည်။ ကာကွယ်ရေးအသုံး စရိတ်သည် များစွာကြီးမားလှ၏။ ထိုအသုံး စရိတ်ကို များစွာချိုးခြံနိုင်ပြီး ဘဏ္ဍာရေးစီး ဆင်းမှုမှ စင်ကာပူအကျိုး အမြတ်များစွာ ရရှိနေ ပြန်ပါသေးသည်။ |
|  |
| ယနေ့ လူဦးရေ ၄ ဒသမ ၅သန်းမျှသာရှိ သော စင်ကာပူကို မည်သည့်နိုင်ငံကမျှ မျက်စောင်းမထိုးရဲကြပါ။ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံခေါင်းဆောင်တစ်ဦး၏ မဟာဗျူဟာအဆင့် အတွေးအမြင်နှင့် စီမံဆောင်ရွက်မှု ဖြစ်ပါသည်။ လက်ရှိအနေအထားသည် စင်ကာပူအတွက် ယှဉ်ပြိုင်နိုင်စွမ်း (Competitiveness) ရှိနေသော်လည်း နောက်ဆယ်စုနှစ်တစ်ခု (သို့မဟုတ်) နှစ်စုစာ၏ နောက်ပိုင်းအတွက် လီကွမ်ယူက ကြိုတင် ပြင်ဆင်မှုများ ထပ်မံလုပ်ဆောင်နေပြန်ပါပြီ။ |
|
 |
|
ကော်ပိုရယ်တိုက်ဇေးရှင်းသည် ဒီမိုကရက်တိုက်ဇေးရှင်း၏မဟာဗျူဟာ
မျက်မှောက်ကာလသည် အရင်းရှင်စနစ်၏ အခြေခံဖြစ်သော ဒီမိုကရက် တိုက်ဇေးရှင်းနှင့် ဖရီးမားကတ်တို့၏ အပေါင်းအစပ်ဖြစ်စဉ် ဖြစ်သည်။ အချို့သောနိုင်ငံများသည် ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်တွင် အလိုက် သင့် အလျားသင့်ပါဝင်နိုင်ကြသော်လည်း အချို့သောနိုင်ငံများမှာ လိုက်ပါ နိုင်ခြင်းမရှိကြချေ။ အထူးသဖြင့် အာဏာရှင်နိုင်ငံများ၊ အစွန်းရောက် နိုင်ငံများမှာ ဆန့်ကျင်တတ်ကြသည်။ အရင်းရှင်စနစ်ဟူသော Capitalism တွင် Free-Market ကို ရင့်ကျက်စွာ အသုံးချဖြတ်သန်း လာခဲ့ကြသော နိုင်ငံများ၌ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာအဖြစ် ဖော်ထုတ်ခဲ့ပြီး၊ ကျင့်သုံးခဲ့ပြီးဖြစ်သည်။ နိုင်ငံတိုင်း သည် မိမိတို့နိုင်ငံ၏ အကျိုးစီးပွား (National Interest) ကို ဦးစားပေးကြသည်ချည်းဖြစ်သည်။ ဒီမိုကရေစီနှင့် လွတ်လပ်ဈေးကွက် ကျင့်သုံးသော နိုင်ငံများလေလေ ရှေ့တန်း ရောက်နှင့်ပြီးသောနိုင်ငံများ (Developed Countries/Rich Countries) တို့အတွက် အကျိုးများ လေလေဖြစ်သည်။ နည်းပညာအသာ စီး၊ စီမံခန့်ခွဲမှုကောင်း၏ အသာစီး၊ ကိုယ်ကျိုး စီးပွားကာကွယ်ရေးအသုံးချနိုင်မှု၏ အသာစီျးားဖြင့် ပို၍ အကျိုးအမြတ်ရနိုင်လေလေ ဖြစ်သည်။ အာဏာရှင်နိုင်ငံများ၊ တံခါးပိတ် နိုင်ငံများအနေဖြင့်လည်း ထိုလမ်းကြောင်းမှတပါး အခြားရွေးရန်မရှိ၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုး တက်လာရန် ကမ္ဘာ့ရေစီးကြောင်းကြီးဖြစ်သော ဒီမိုကရက်တိုက်ဇေးရှင်းနှင့် ဖရီးမားကက်ကိုပင် ဖြတ်ကျော်ရမည် ဖြစ်သည်။ သို့သော်လည်း နိုင်ငံအကျိုးစီးပွား (National Interest) ထက် ကိုယ်ကျိုးစီးပွားရေး ရှေ့တန်းတင်တတ်သော တစ်ပါတီ၊ အာဏာရှင်များ က ရတတ်သဖြင့် ခုခံကာကွယ်ထားကြပြန်သည်။ |
|
ဤတွင် အမေရိကန်နှင့် အလားတူနိုင်ငံတို့က ဒီမိုကရေစီ၏ မဟာဗျူဟာဖြစ်သော Corporate culture ယဉ်ကျေးမှုအတွက် oratization ဟူသော ကော်ပိုရိတ်စနစ်ဖြန့်ကျက်ခြင်းကို ဆောင်ရွက်ကြသည်။ ကော်ပိုရိတ် ယဉ်ကျေးမှုသည် ‘ဒီမိုကရေစီယဉ်ကျေးမှုနှင့် အခြေခံလက္ခဏာများ တူညီကြပါသည်။ ဒီမိုကရေစီကို တိုက်ရိုက်လက်ခံနိုင်ရန် တွန့်ဆုတ်ကြသော နိုင်ငံများအတွက် ကော်ပိုရိတ်ယဉ်ကျေးမှုကို ဦးစွာအမြစ်တွယ် ဖွံ့ဖြိုးစေခြင်းသည် မဟာဗျူဟာကျသော အစီအမံတစ်ရပ် ဖြစ်ပါသည်။ ယနေ့ တရုတ်ပြည်တွင် ကော်ပိုရိတ် ယဉ်ကျေးမှု ကောင်းစွာထွန်းကားခဲ့ပြီး တဖြည်းဖြည်း ဒီမိုကရေစီယဉ်ကျေး မှုသို့ ကူးပြောင်းလာ ကြပြီဖြစ်သည်။
 |
|
| ဒေသတစ်ခုတွင် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်၏ အစပြောင်းလဲမှုများ ပြန့်နှံ့ဖြစ်ပွားနေပါသည်။ နှစ်အတော်ကြာကပင် ကော်ပိုရိတ်ယဉ်ကျေးမှု ကို အမေရိကန်တို့ ကလပ်စည်းထည့် ဖွံ့ဖြိုးစေခဲ့ပြီးဖြစ်သည်။ ဆက်သွယ်ရေး နည်းစနစ်ထွန်းကားခြင်းက ယဉ်ကျေးမှုအကူးအပြောင်းကို များစွာ အထောက်အပံ့ဖြစ်စေခဲ့သည်။ ကူးစက်မှုနှုန်း ပို၍လျင်မြန်လာခဲ့၏။ ပို၍အားကြီးလာခဲ့၏။ ဒေသတွင်းဘာသာတူ နိုင်ငံများကို နိုင်ငံရေး ယဉ်ကျေးမှု ကူးပြောင်းနိုင်ရန် အမေရိကန်တို့ မဟာဗျူဟာချမှတ်ခဲ့ပြီး ဖြစ်သည်။ အမေရိကန်တို့၏ ဦးစားပေးမဟာဗျူဟာမှာ ကွန်မြူနစ်စနစ်ကို ဖြိုခွဲရန်ဖြစ်သည်။ ဘာလင် တံတိုင်းဖြိုချလိုက်နိုင်သည်မှစ၍ ကွန်မြူနစ် စနစ်တို့ ကျဆုံးသွားခဲ့သည်။ အမေရိကန်တို့၏ ပထမဦးစားပေး မဟာဗျူဟာပေါက်မြောက်မှုဖြစ်သည်။ ဒုတိယဦးစားပေး မဟာဗျူဟာမှာ ယခု ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်၏ အစပိုင်းတွင်ရှိနေသော နိုင်ငံများဖြစ်သည်။ |
|
ဦးဆောင်သူတို့ မဖြစ်မနေလိုအပ်
မဟာဗျူဟာ အတွေးအမြင်သည် ဦးဆောင်သူအဆင့်များ၌ မရှိမဖြစ်လိုအပ်သော အရည်အချင်း ဖြစ်သည်။ သာမန်အတွေး၊ သာမန်အမြင်တို့မျှဖြင့်တော့ မလုံလောက်တော့ချေ။ ခေတ်သစ်၏ လျင်မြန်သော အဟုန်ဖြင့် အပြောင်းအလဲများဖြစ်စဉ်တွင် ပို၍လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံသည် ရှေးကကဲ့သို့ တံခါးပိတ်ကာ ခပ်ထီးထီးနေ၍မရတော့သော ကာလဖြစ်သည်။ အနည်းဆုံးဒေသအဆင့် အပူးအပေါင်း၊ အပြိုင် အဆိုင်တို့ရှိလာပြီဖြစ်သည်။
မဟာဗျူဟာ အတွေး၊ မဟာဗျူဟာအမြင် မရှိသောနိုင်ငံသည် ဒေသတွင်းဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေးများ၌ များစွာ နောက်ကျန်ရစ်မည်ဖြစ်သည်။ နိုင်ငံတကာကုန်သွယ်ရေး၌လည်း များစွာအကျိုး ဖြစ်ထွန်းနိုင်မည် မဟုတ်ချေ။ စင်ကာပူသည် နိုင်ငံသေးသော်လည်း ဩဇာကြီး၏။ မဟာဗျူဟာ အခြေခံတည်ဆောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ အာဖရိကတိုက်၏ နိုင်ငံစုများသည် အရွယ်အစားအားဖြင့် ကြီးမားသော်လည်း ဩဇာတစ်စုံတစ်ရာ အင်အားကောင်းစွာ မရှိချေ။ ခေါင်းဆောင်တို့၏ အရည်အသွေး ကွာခြားမှုကြောင့် ဖြစ်သည်။ ခေါင်းဆောင်တို့၏ အရည်အသွေး၊ ပညာအတိမ်အနက်သည်
| မဟာဗျူဟာ တစ်ရပ်၏ အတိုင်းအဆဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ခေါင်းဆောင် သို့မဟုတ် နိုင်ငံစုံကော်ပို ရေးရှင်းကြီး၏ CEO တစ်ဦးတည်းက မဟာဗျူဟာကို ပုံဖော်နိုင်သည်မဟုတ်ချေ။ အကြံပေးများ၊ လက်ထောက်များ၏ အပံ့အပိုးဖြင့်သာ ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူ့အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုသည် အရေးကြီးလာပါ၏။ ဤအချက်ကို အရေးတယူသိရှိကြသော ခေါင်းဆောင်များက လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မဟာဗျူဟာတစ်ရပ်ချမှတ်၍ ဆောင်ရွက်လာကြပါသည်။ CEO တစ်ဦး၊ ခေါင်း ဆောင်တစ်ဦးသည် |
|
သက်တမ်းတစ်ခုမျှသာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ ကော်ပိုရေးရှင်းကြီးတစ်ခု၏ သက်တမ်းသည် မျိုးဆက် ပေါင်းများစွာအထိ ဖြစ်သည်။ ထို့ကြောင့် အရှည်သဖြင့် တည်တံ့ခိုင်မြဲရန် အမွေဆက်ခံသူများ ပညာ တောင့်တင်းကြံ့ခိုင်ရန် လူ့သားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အရေးတယူ ဆောင်ရွက်သင့်ကြပါသည်။ ဤသည်ကပင် မဟာဗျူဟာ တစ်ရပ် ဖြစ်ပါသည်။
ဒေါက်တာနေဇင်လတ်
http://ecovisionjournal.com/coverstory/?year=5&month=3&VOL=121
0 comments:
Post a Comment