Yangon Media Group. 08, 03, 2011
ပါးနပ်လိမ္မာသူဟာ အောင်မြင်မှုရဲ့လက္ခဏာကို သိမြင်ရမယ်
ပါးနပ်လိမ္မာသူဟာ ရှုံးနိမ့်မှုရဲ့လက္ခဏာကိုလည်း သိမြင်ရမယ်
ဒါကြောင့်...ဒီလက္ခဏာတွေကို သိမြင်အောင် အားထုတ်ပါ
ဒီလက္ခဏာတွေကို ကောင်းတဲ့နေရာတွေက ရနိုင်တယ်
ဒီလက္ခဏာတွေကို မကောင်းတဲ့နေရာတွေကလည်း ရနိုင်တာပါပဲ။
ပါးနပ်လိမ္မာသူဟာ ဆင်ခြင်သုံးသပ်နိုင်တဲ့ ဥာဏ်ရည်ရှိရမယ်
ဒီဥာဏ်အရည်အသွေးကို ပိုမိုကျယ်ပြန့်အောင် အားထုတ်ရမယ်
ဒါဟာ အသိဥာဏ်ကို တိုးတက်ဖွံ့ဖြိုးအောင် အားထုတ်တာပဲပေါ့
ပြီးတော့...ဒီအသိဥာဏ်ကို ထိန်းသိမ်းထားရမယ်
ပြီးတော့...ဒီအသိဥာဏ်ကို အရှင်သခင်သိအောင်
ပြရမယ်။
ဒါဆို...ဒီအသိဥာဏ်ဟာ အသက်မွေးမှုဖြစ်လာပြီပေါ့
ဒါဆို...ဒီအသိဥာဏ်ကြောင့် သင့်လျော်တဲ့အလုပ်ကို
ရနိုင်ပြီပေါ့
ဒါဆို...ဒီအသိဥာဏ်ကြောင့် ဂုဏ်ပြုခံရနိုင်ပြီပေါ့...။
လူတွေသွားနေရတဲ့လမ်းခရီးတစ်ခုရှိတယ်
ဒီလမ်းဟာ မညီညာတဲ့အပြင် ကြမ်းတမ်းတယ်
ဒီလမ်းဟာ အကောက်အကွေ့များတဲ့အပြင် မတ်ဆောက်တယ်
ဒါကြောင့် ဒီလမ်းမှာ အန္တရာယ်ရှိနေတာပေါ့
သို့ပေမယ့် အဆင့်နိမ့်သူတွေက
ဒီလမ်းမှာ သွားနေကြရတယ်
သူတို့ဟာ ဂုဏ်ရှိန်မြင့်သူတွေ အနီးမှာနေကြတယ်
သူတို့ဟာ ဆာလောင်လို့ ပိန်လှီနေကြတယ်
ဒီနေရာမှာ ရိုင်းစိုင်းခက်ထန်သူတွေလည်းရှိတယ်
သူတို့ဟာ မင်းဧကရာဇ်လိုပဲ ဂုဏ်ရှိန်မြင့်ကြတယ်။
လူတွေသတိထားရမယ့် အရေးကိစ္စတွေရှိတယ်
အာရုံခံစားမှုမှ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှု
စာနာထောက်ထားခြင်းကင်းမဲ့မှု
မညီမညာ အကွေ့အကောက်များတဲ့လမ်းခရီး
ပြီးတော့...ပြီးတော့...စစ်မြေပြင်ပေါ့
ဒီနေရာတွေမှာ ကြီးမားတဲ့အန္တရာယ်ရှိတယ်
ဒီအန္တရာယ်ဟာ ကြောက်စရာအလွန်ကောင်းတယ်
သို့ပေမယ့်... ဒီအန္တရာယ်ကို မမြင်နိုင်ဘူး။
ပါးနပ်လိမ္မာသူဟာ လူသာမန်တွေရဲ့ နှလုံးသားကို
ထိုးဖောက်နိုင်တယ်
ပါးနပ်လိမ္မာသူဟာ လူသာမန်တွေကို ကျိုးနွံစေနိုင်တယ်
ပါးနပ်လိမ္မာသူဟာ အရာရာကောင်းဖို့ကိုသာ
အားထုတ်တယ်
အကောင်းဆုံးဟာ အခြားအရာတွေနဲ့
ကွာခြားတယ်မဟုတ်လား
ပါးနပ်လိမ္မာသူဟာ အကျိုးရှိတဲ့နေရာမှာသာ
စကားပြောတယ်
အခါအခွင့်သင့်တိုင်း အရှင်သခင်ရဲ့ ကျေးဇူးကို
ထုတ်ဖော်ပြောဆိုတယ်။


0 comments:
Post a Comment