အခုအချိန်မှာ သူ့အကြောင်းပဲတွေး ဘယ်လိုမှ မေ့လိုမရဘူး စိတ်ညစ်တယ် ခံစားနေရတယ်အစရှိသဖြင့် ချစ်သူနဲ့ ကွေ့ကွင်းလွဲချော်မှု တွေနဲ့ ပူဆွေးနေကြတဲ့ ညီမတို့ရေ။ လိုင်းပေါ်မှာ အချင်းချင်း ရင်ဖွင့်ကြ အားပေးကြ စနောက်ကြနဲ့ ပျော်ရွှင်စရာကောင်းပါတယ်။
တချို့ညီမတွေဆိုရင် တကယ့်ကို နှစ်နှစ်ကာကာ ခံစားနေရတွေကို ပေါ်ပေါ်လွင်လွင် အကဲခတ်လို့ရတယ်။ ဒီရောဂါ ပူဆွေးမှုကို သက်သာ လျော့ပါး ပျောက်ကင်းအောင် လုပ်ပေးနိုင်တာ ကာယံကံရှင်က လွဲပြီး တခြားသူတွေက မတတ်နိုင်ပါဘူး။ အနားမှာ သွားအားပေးမှုက လည်း ဓါတ်ရှော့ကုထုံးလို ခဏလေးပဲ အကျိုး သက်ရောက်ပါတယ်။
ချစ်သူ၊ ရည်စားကို ချစ်တယ် သူကို ပျော်ရွှင်စေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် စိတ်ပင်ပန်း ဒုက္ခခံပါနဲ့။ သူ့ကို ကူညီနိုင်မယ့် နည်းလမ်း တွေ အကယ်၍ သူက ရက်စက်သွားရင်လည်း လက်တွေ့ကျကျ ဝေဖန်သုံးသပ်ပါ။ ကိုယ့်က ဘ၀ပျက် လောက်အောင် စိတ်ညစ်ရအောင် သူက ဘာကြီးမို့လို့လဲ တချို့ကလည်း ဟုတ် ကျွန်မအသက်နဲ့ ချစ်ရသူပါဆိုပါတော့ အနည်းဆုံးတော့ ကပ်ဖဲ့စဉ်းစားရင်လေ ကိုယ့်ကို ၀မ်းနဲ့လွယ်မွေးဖွား ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘတွေအတွက်ရော ထည့်မစဉ်းစားတော့ဘူးလား။ ကိုယ့်ကို တကယ့် နားလည်ပေးနိုင် တာ ကိုယ့်နဲ့ သဘောထားတိုက်ဆိုင်တဲ့ ချစ်သူတွေ ကြုံတွေ့နိုင်ပါသေးတယ် တချို့ကိစ္စတွေက ကံတရားကို အပြစ်ပုံချမှ သက်သာမှ နည်းလမ်းတွေကတော့ ချွမ်းချက်ပေါ့။
ကိုယ့်စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ စိတ်ညစ်မှု မွမ်းကြပ်မှု ခံစားရမှုတွေကို ကိုယ့်ဘ၀ရဲ့ လက်ရှိဖြစ်နေတဲ့ ကျောင်းတက်တာ၊ အလုပ်လုပ်တာ တွေထဲမှာ နစ်မြုပ်ပြောင်းလဲလိုက်ပါ။ ခံစားနေရမှု စိတ်ခွန်အားတွေကို ကိုယ့်ဘ၀ ကိုယ့်ရှေ့ရေးအတွက် ပြောင်းလဲ အသုံးချလိုက်မယ်ဆိုရင် ကိုယ့်အနာဂါတ်အတွက်လည်း ပြင်ဆင်ပြီးသားလည်းဖြစ် တဖက်မှာလည်း ကိုယ်ချစ်သူအတွက် ကူညီပေးရာလည်း ရောက်တဲ့ အပြင် တချို့ဆိုရင် သူဟာသူ နားလည်ပါလာလိမ့်မယ်။
ဘယ်လိုပဲလုပ်လုပ် သတိရနေတယ်ဆိုရင်လည်း အကန့်အသတ်နဲ့ပေါ့ ကိုယ့်အလုပ်ပျက် ကျန်းမာရေးထိခိုက်လောက် အောင်တော့လည်း ဆင်ခြင်ပေါ့။ ဒီနေရာမှာ ဘယ်လောက်ပဲ ပူဆွေးသောကရောက်ရောက် ကျန်းမာနေရင် ချစ်သူအတွက် လိုအပ်ရင် စိတ်ရောကိုယ်ပါ ကူညီနိုင်မှာပါ အနည်းဆုံး ဥပမာ- သတိရ စိတ်တို ဒေါသထွက် ခံစားနိုင်ဖို့ကိုမှ အားရပါးရ စိတ်ဖြစ်ပေါ်စေလို့ပါ။
ဗမာပြည် လူတန်းစားမှာ အင်တာနက်သုံးနိုင်တဲ့သူက တော်တော်လေးကို အဆင်ပြေတဲ့ ပညာတတ် အသိုင်းအ၀န်း အနည်းစုလေးပါပဲ။ ကိုယ်တွေ သုံးနိုင်တယ် လိုင်းပေါ်မှာ ရင်ဖွင့်ကြတယ် အချင်းချင်း အားပေးကြတယ်ပေါ့ တပြိုင်နက်တည်း အခုလို သူငယ်ချင်းတွေ အများကြီး အချင်းချင်းမျှဝေ ဖလှယ်ပေးလို့ရတဲ့ အကျိုးကျေးဇူးတွေကို တခြားအင်တာနက် မသုံးနိုင်တဲ့သူတွေ မခံစားနိုင်ပါဘူး။
ချစ်သူတွေ ဘာကြောင့် ခွဲခွာသွားတာလဲ အဓိကကတော့ ငွေ၊ ဂုဏ်ပကာသန၊ စိတ်စေရာ ပြောင်းလဲခံစားမှုတွေအပြင် လက်ရှိနိုင်ငံရဲ့ စားဝတ်နေရေး ဆင်းရဲကြပ်တည်းမှုတွေလည်း ပါပါတယ်။ ဒီတော့ ကိုယ်လိုလူတွေ အများကြီးမခံစားရအောင် ကိုယ်သိထားတဲ့ အတတ် ပညာ အတွေ့အကြုံတွေကို လူငယ်တွေ အချင်းချင်း အပြန်အလှန်ဝေမျှ ဖလှယ်ပေး လက်တွဲခေါ်ဖို့ လိုပါတယ်။ မတူကွဲပြားမှုတွေကနေ ကိုယ့်အတွက် အသုံးတည့်တာတွေကို ဆွဲယူ ဘ၀အတွက်တည်ဆောက် ကိုယ်သာအဆင်ပြေရင် မိဘကစိတ်ချမ်းသာ မိဘလည်း အဆင်ပြေမယ်လေ။ ဒီနေရာမှာ မပါမပြီး နိုင်ငံ့အရေးကို ကိုယ်မလုပ်ဘူးလို့ ထင်ရပေမယ့် တွဲလျက်က ကိုယ်မိသားစု အဆင်ပြေ ငြိမ်းချမ်းနေရင် ကိုယ့်ကို မွေးဖွားပေးတဲ့ နိုင်ငံအတွက်လည်း တဆက်တည်း အကျိုးပြုပြီးသားဖြစ်ပါတယ်။ ကိုယ်လို လွတ်မြောက်အောင် ကြိုးစားနေသူတွေ အတွက်လည်း အားတက်စရာ လမ်းညွန်ဖြစ်သွားသလို မလိုအပ်ပဲနဲ့ ကိုယ်လို ချစ်သူစုံတွဲတွေ ကွဲကွာမှုတွေအတွက် လည်း လျော့ပါးသွားစေပါတယ်။ အကြောင်းကြောင်းကြောင့် ချစ်ရတဲ့သူ ချစ်သူတွေရဲ့ ဥပက္ခာပြုမှုတခုတည်းအတွက် ကိုယ့်ဘ၀ရှေ့ရေး မှာ အလျှော့ပေး စိတ်အနှောက်အယှက်ကြီးတခုလို စိတ်ပင်ပန်း လူပင်ပန်းမခံပါနဲ့။ ကိုယ့်ကိုချစ်နေ အားပေးနေကြတဲ့ မိဘ၊ ညီအစ်အကို မောင်နှမတွေအတွက်လည်း အချိန်ပေးပါ။ ကိုယ်တတ်မြောက် လုပ်ဆောင် အကျိုးပြုမယ့် အလုပ်တွေ တိုးတက်မှုရလဒ်တွေကို မျှော်လင့် လိုအပ် စောင့်ဆိုင်းနေကြတဲ့ သူတွေ အများကြီးရှိပါသေးတယ်။ အထူးသဖြင့် ယနေ့ နိုင်ငံရဲ့ ဆင်းရဲကြပ်တည်းမှု အခြေအနေအရပါ ညီမရေ . . . (Saturday, April 24, 2010)
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment