မတရားတာကို မတရားဘူးဟု ပြောဆိုရန် တာဝန်ရှိသကဲ့သို့ အဲဒီမတရားမှုများ ထပ်မံ မဖြစ်ပွား၊ (ကြိုတင်ကြံစည်) မပြုလုပ်ခင် ပြောဆိုတားဆီး တိုက်ဖျက်ရန်လည်း တာဝန်ရှိပါတယ်

လူငယ်တွေရဲ့ စာဖတ်ဝိုင်းလေးဆိုပေမယ့် ဆက်တွေးမိရင်

July 15, 2010

နယ်စပ်တနေရာ လူငယ်တွေ စာဖတ်ဝိုင်းတခု စတင်အကောင်အထည်ဖော်နေတာ ကြားသိရသူများ အနေဖြင့် လူငယ်တွေ တိုးတက်မှုအတွက် အားတက်မိပါတယ်။ အခုအချိန်မှာ အဖွဲ့အစည်းတော်တော်များများမှ ဦးဆောင်နေကြသော ခေါင်းဆောင်များဟာ သူတို့ရဲ့ မဟာဗျူဟာများကို အကောင်အထည်ဖော်ရင်း အခြေအနေအရ အများစုက ၂၀၁၀ ရွေး ကောက်ပွဲဆန့်ကျင်ရန် လုံးပန်းကာ အာရုံစိုက် လုပ်ကိုင်နေကြပါတယ်။
လူငယ်တွေကို လူကြီးများက ရသမျှအချိန်လေးတွေမှ လက်တွဲခေါ်နေပေမယ့်လည်း အခြေအနေအရ အလေးမထားနိုင်ဖြစ်နေပါတယ်။ ဒီလိုအချိန်မှာ လူကြီးတွေက တတ်နိုင်သလောက် ၀ိုင်းကူ လူငယ်တွေကလည်း ကိုယ်ထူ ကိုယ်ထ စာဖတ်ဝိုင်းလေးတခု ဖန်တီးပြီး အဖွဲ့အစည်း အသီးသီးမှ လူငယ်တွေ တွေ့ဆုံကြ ဖလှယ်ကြနဲ့ ရင်းနှီးခင် မင်နားလည်မှုပိုတိုးပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်မှုနဲ့ ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲမှုဖြစ်ပေါ်ကာ နောင်နိုင်ငံအတွက် အကျိုးရှိမယ့် ရလဒ်တွေပါ။

လူငယ်တွေ စာဖတ်ဝိုင်းမှာ ဆွေးနွေးရာ စာမှုရွေးချယ်ရာ စာဖတ်ဝိုင်းလေး ရေရှည်တည့်တံအောင် ဒီမိုကရေစီ အလေ့အထအရ အားလုံးရဲ့ အကြံဥာဏ် ပူးပေါင်းပါဝင်မှုဖြင့် ပိုမိုကောင်းမွန်ပါတယ်။ ဒါပေမယ့် ယနေ့နိုင်ငံရဲ့ လိုအပ်ချက်အရ ဆွေးနွေးမယ့်ခေါင်းစဉ်တွင် အရေးကြီးအရင်လိုနေတဲ့အချက်ကို ဦးစားပေးရပါမယ်။
တပါတ်အတွင်း ဒါမှမဟုတ် ကာလတခုအတောအတွင်း ယနေ့နိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အရေးကြီးအကြောင်း အရာတွေ ဥပမာ- ပါတီထောင် ရွေးကောက်ပွဲဝင်ခြင်း၊ နျူကလီးယားလက်နက်ပိုင်ဆိုင်ရင် ကြိုးစားခြင်း၊ ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းစတဲ့ သတင်း သုံးသပ်ချက်၊ ဆောင်းပါး ပုံစံမျိုးစုံဖြင့် နိုင်ငံရဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဖြစ်စဉ်တွေကို ရွေးချယ်ရပါမယ်။ မဖြစ်မနေရွေးချယ်ရတာက ဒီလိုကိစ္စတွေမှာ လူငယ်တွေရဲ့ သဘောထား ဒီလိုရှိတယ် ထောက်ခံတယ် မထောက်ခံဘူးပေါ့။ လူငယ်တွေရဲ့ သဘောထားကို လူကြီးတွေ သိထားခြင်းအားဖြင့် သူတို့ရဲ့ ရှေ့ဆက်ရမယ့် မဟာဗျူဟာတွေ ချမှတ်ရာမှာ ထည့်သွင်း စဉ်းစားစေဖို့ပါ။ အရေးမကြီးဘူးထင်ရပေမယ့် သူတို့ရဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ အောင်မြင်ဖို့နဲ့ နောင်တချိန်သူတို့နေရာမှာ ဆက်ခံမယ့်လူငယ်မျိုးဆက်သစ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးလို့ပါ။ နောက်တခုက လူငယ်တွေရဲ့ မရင့်ကျက်မှုအရ အတွေးလွဲချော်နေခဲ့ရင်လည်း အချိန်မှီ လူကြီးတွေအနေဖြင့် ပြုပြင်ပေးနိုင်တဲ့ အားသာချက်လည်း ရှိပါသေးတယ်။
နိုင်ငံရဲ့ ပကတိဖြစ်ပျက်နေတဲ့ တနည်း နိုင်ငံရဲ့ဖြစ်စဉ် ရေချိန်ကို မျက်ခြေမပြတ်ဖို့အတွက်လည်း လှုပ်ရှား ပြောင်းလဲနေတဲ့ နအဖရော ဒီမိုကရေစီအင်အားစုများကိုရော အခြေအနေအရပ်ရပ်ကို စောင့်ကြည့် အကဲခတ် ရပါတယ်။ ဒီလိုနိုင်ငံရဲ့ အချိန်နဲ့တပြည်းညီ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြဿနာ အကြောင်းအရာတွေကို လူငယ်တွေ မကြာခဏ အမြင်ခြင်းဖလှယ် တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် တဦးခြင်းစွမ်းရည် မြှင့်တက်လာခြင်းအပြင် လတ်တလော ကိုယ်လက်လှမ်းမိသလောက် နီးစပ်ရာ ကူညီလို့ရသလို ဥပမာ - နအဖ ကြံစည်ထားတဲ့ သမ္မတ ဦးသိန်းစိန်၊ ၀န်ကြီးချုပ် ဦးဌေးဦးစသည်ဖြင့် အဆိုပါပုဂ္ဂိုလ်တွေ အကြောင်းပြချက် မျိုးစုံနဲ့ စည်းရုံးရေး ဆင်းကြရာတွင် သူတို့တွေ လှည့်လည် မဲဆွယ်သိမ်းသွင်းရာ ဒေသများတွင် ကိုယ့်အဖွဲ့အစည်းတွေ လူငယ်ကွန်ယက်တွေ တိုင်းရင်းသားဒေသတွေရှိ လူထုကို သတင်းအချက်အလက်များ ပေးခြင်း၊ လှုံဆော် စည်းရုံးခြင်း၊ နည်းလမ်းသစ်များ ပေးနိုင်ခြင်းတို့အထိ နောက်ဆုံးလူထုအုံကြွမှု ထပ်ဖြစ်လာတဲ့အခါကြရင် တနိုင်ငံလုံး နေရာဒေသအသီးသီး ချိတ်ဆက်ပေးနိုင်ခြင်း၊ ပြည်တွင်းနဲ့ ပြည်ပအဆက်အသွယ်မပြတ် ချိတ်ဆက်မိခြင်း၊ မလိုလားအပ်တဲ့ တပ်ဦးကျွံမှုတွေ တပြေးညီလှုပ်ရှား အကောင် အထည်ဖော်နိုင်မှုတွေ ပြောင်းလဲသင့်တဲ့ နိုင်ငံရဲ့ရေချိန်ကို အမှီပြုပြီး ကိုယ့်လူတွေဝင်ရောက်ခြင်း၊ လှုပ်ရှားရမယ့် နည်းလမ်းပေါင်းစုံ ၀ိုင်းဝန်းအကြံဥာဏ်ပေး ကိုယ်ထိလက်ရောက် ကူညီနိုင်ခြင်းတို့အတွက် ပြင်ဆင်ရာ လည်း ရောက်ပါတယ်။
အခုဆိုလိုရင်းတွေက ပြည်ပရောက် တက်ကြွလှုပ်ရှားနေသူတွေအပြင် ပြည်တွင်းရှိ လူငယ်များမှာလည်း အလားတူ အဓိပ္ပါယ်သက်ရောက်စေတဲ့ပုံစံမျိုးစုံနဲ့ နိုင်ငံရေးလုပ်ရာမှာ စိတ်မ၀င်စားသူတွေ အခြေအနေအရ ကိုယ့်ကျိုးစီးပွားကို အရင်ရှာဖွေနေရတဲ့သူတွေ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အပါအ၀င် အားလုံးဟာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ နိုင်ငံရဲ့ဖြစ်စဉ် ရေချိန်ကိုကြည့်ပြီး မိမိတို့ ဘ၀ရှေ့ရေးတိုးတက်ရာ ကြီးပွားရာတွေ နိုင်ငံပြောင်းလဲအောင် ကြိုးစားရာတို့အထိ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် များစွာအထောက် အကူပြုနေပါတယ်။
နိုင်ငံရဲ့ ရေချိန်ကို မျက်ခြေမပြတ်သိနေအောင် လူငယ်တွေ တွေ့ဆုံဆွေးနွေးဖလှယ်ရာတွင် အရေးကြီး အရင်လို နေတာကို ဦးစားပေးပြီး ကိုယ့်အလှည့်မှာ တာဝန်ကျေဖို့ အလေးထားရင်း မျက်မှောက်ကာလ ကိုယ့်နိုင်ငံမှာ ဘာ တွေ ဖြစ်ပျက်နေကြသလဲကို လှမ်းမျှော်ကြည့်မိကာ . . .

0 comments: